Fact Check: NUG အထူးတပ်ဖွဲ့ ရန်ကုန်ကို ဝင်စီးတဲ့ သတင်းတု

False နိုင်ငံရေး | Politics

C:\Users\User\Downloads\622 X 420 WordPress Main Image.jpg

NUG အထူးတပ်ဖွဲ့ ရန်ကုန်ကို ဝင်စီးပြီး စစ်ရေးပစ်မှတ်အားလုံးကို တပြိုင်နက်ထဲစတင်တိုက်ခိုက်ပြီလို့ဆိုကာ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“NUG အထူးတပ်ဖွဲ့ ရန်ကုန်ကို ဝင်စီးပြီ

စစ်ရေးပစ်မှတ်အားလုံး တပြိုင်ထဲ စတိုက်ပြီ

ရန်ကုန်တမြို့လုံး ပွတ်လောရိုက်နေပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်မီဒီယာရဲ့ အမည်နာမည်နဲ့အမှတ်တံဆိပ်ကို တုပထားပြီး သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း ဗွီဒီယိုထဲမှာ “ရန်ကုန်တိုင်းအတွက် အထူးချေမှုန်ရေးတပ်ဖွဲ့ ဖွဲ့စည်း”ဆိုတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားပြီး လိုအပ်သလို ခေါင်းစဉ်တုတပ်ထားတာတွေ့ရပါတယ်။ ဒီအထူးချေမှုန်းရေးတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။ 

ဒီအပြင် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ “စစ်ကောင်စီအတွက် လက်နက်ဝယ်ယူပေးနေသည့် ပွဲစား နိုင်ထွဋ်အောင်က မဟာမြတ်မုနိဘုရားကြီးသို့ ရွှေ ၃ ပိဿာနှင့် ကျပ်သိန်း ၂၆၀၀၀ လှူဒါန်းမှု ကုသိုလ်ဒါနမမြောက်သော ဘာသာရေး ခုတုံးလုပ်မှုသာဖြစ်ဟု ဝေဖန်”၊ “စစ်ကောင်စီက နောင်ချို တိမ်ပင်လယ်တွင် ဗျူဟာအဆင့် လက်နက်ကြီးစခန်းအခြေစိုက်ကာ တောင်းခမ်းဘက်မှလည်း မြို့အတွင်းဝင်နိုင်ရန် ကြိုးပမ်းနေ”စတဲ့သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

NUG က ရန်ကုန်တိုင်းစစ်ဌာန အထူးချေးမှုန်းရေးတပ်ဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်မှုသတင်းကို ပြန်လည်‌‌ဖော်ပြပြီး NUG အထူးတပ်ဖွဲ့ ရန်ကုန်ကို ဝင်စီးပြီး စစ်ရေးပစ်မှတ်အားလုံးကို တပြိုင်နက်ထဲ စတင်တိုက်ခိုက်ပြီလို့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ် တပ်ထားခြင်းဖြစ်တယ်။ 

ပြောဆိုချက်- NUG အထူးတပ်ဖွဲ့ ရန်ကုန်ကို ဝင်စီးပြီး စစ်ရေးပစ်မှတ်အားလုံးကို တပြိုင်နက်ထဲ စတင်တိုက်ခိုက်

Avatar

Title:Fact Check: NUG အထူးတပ်ဖွဲ့ ရန်ကုန်ကို ဝင်စီးတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *