Fact Check: လားရှိုးကို PDF ဝင်တိုက်လို့ စစ်ကောင်စီ ဗုံးကြဲတုန့်ပြန်ဆိုတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

လားရှိုးကို PDF ဝင်တိုက်လို့ စစ်ကောင်စီ ဗုံးကြဲတုန့်ပြန်ရာမှာ တရုတ်ငြိမ်းချမ်းရေးအဖွဲ့ဝင်တွေ သေဆုံးခဲ့ တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။

ဧပြီ ၂၇ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှု ၁ ဒဿမ  ၉ သိန်းကျော်ရှိထားတယ်။ 

“လားရှိုး အရေးပေါ်ဖြစ်နေပြီ

PDF တွေက ဝင်တိုက်လို့ စစ်ကောင်စီ ဗုံးကြဲ

တရုတ် ငြိမ်းချမ်း‌ရေး အဖွဲ့ဝင်တွေ သေဆုံး”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို သတင်းခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့်ချိတဲ့နေရာတခုဖြစ်တာတွေ့ရတယ်။

ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ မြန်မာနောင်းသတင်းဌာနကဖော်ပြခဲ့တဲ့“တရုတ်ဝေခြမ်းပေးတဲ့ လားရှိုးအုပ်ချုပ်ရေးအကြောင်း သိရသမျှ”ဆိုတဲ့ သတင်းဆောင်းပါးကို ပြန်လည်ဖော်ပြထားတယ်။ မူလသတင်းဆောင်းပါးထဲမှာ တရုတ်ရဲ့ ကြားဝင်မှုနဲ့ မြန်မာစစ်တပ်က လားရှိုးကို ပြန်လည်အုပ်ချုပ်ခွင့်ရရှိခဲ့ပြီး MNDAA နဲ့ စစ်တပ်အကြားဘယ်လို သဘောတူညီချက်တွေနဲ့ ပြန်လည်အုပ်ချုပ်ခွင့်ရသလဲဆိုတာတော့ မသိရသလို နှစ်ဖက်စလုံးနဲ့ တရုတ်ဘက်ကလည်း ထုတ်မပြောတဲ့အကြောင်း၊ စစ်ကောင်စီက မြို့ပေါ် ၁၂ ရပ်ကွက်ကို အုပ်ချုပ်ခွင့်ရပြီး MNDAA က ကျေးရွာ ၄၅၀ ကို အုပ်ချုပ်ခွင့်ရမယ်လို့ သိရကြောင်းနဲ့ ဒီလို ခွဲဝေမှုကို စစ်တပ်ထောက်ခံသူတွေက လားရှိုးမြို့ကို စစ်တပ်က သေနတ်ဖောက်စရာမလိုပဲ ပြန်လည် အခြေချနိုင်မှုအနေနဲ့ ဂုဏ်ယူနေကြကြောင်း၊ လားရှိုးမြို့မှာနေထိုင်သူတွေကတော့ ဘယ်အဖွဲ့အစည်းကို အားကိုးရမှန်း မသိသလို ဖြစ်နေတဲ့အကြောင်းစသည်ဖြင့်ရေးသားထားတယ်။ 

သုံးသပ်ချက်

“Mandalay Khithit”ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့နေရာဖြစ်တယ်။ လားရှိုးကို PDF ဝင်တိုက်လို့ စစ်ကောင်စီ ဗုံးကြဲတုန့်ပြန်ရာမှာ တရုတ်ငြိမ်းချမ်းရေးအဖွဲ့ဝင်တွေ သေဆုံးခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။

ပြောဆိုချက်- လားရှိုးကို PDF ဝင်တိုက်လို့ စစ်ကောင်စီ ဗုံးကြဲတုန့်ပြန်ရာမှာ တရုတ်ငြိမ်းချမ်းရေးအဖွဲ့ဝင်တွေ သေဆုံး

Avatar

Title:Fact Check: လားရှိုးကို PDF ဝင်တိုက်လို့ စစ်ကောင်စီ ဗုံးကြဲတုန့်ပြန်ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *