Fact Check: မင်္ဂလာဒုံလေဆိပ်မှာဆင်းသက်ခဲ့တဲ့ UN တံဆိပ်ပါလေယာဉ်လား- မဟုတ်ပါ

Missing Context လူမှုရေး

မင်္ဂလာဒုံလေဆိပ်မှာဆင်းသက်ခဲ့တဲ့ UNအလံပါလေယာဉ်တစ်စီးအဖြစ် ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ 

သို့သော်လည်း ဒီဓာတ်ပုံဟာ တောင်ဆူဒန်နိုင်ငံက ဂျူဘာ(Juba)လေဆိပ်မှာရိုက်ကူးထားတဲ့ဓာတ်ပုံဖြစ်ပါတယ်။

“TMHlaing” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၃၅၇ ကြိမ်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

Tineye မှာ ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံပျံ့နှံ့ခဲ့ပုံကို ပြန်လည်ရှာဖွေကြည့်ရာမှာ ဇူလိုင် ၂၁ ရက်မနက်ပိုင်းက ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ဆင်းသက်လာတဲ့ UN လေယာဉ်အဖြစ်ဖော်ပြနေတဲ့ ပုံဟာ ၂၀၁၂ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ 

ဒီဓာတ်ပုံတွေကို တောင်ဆူဒန်နိုင်ငံ ဂျူဘာမြို့အကြောင်းရေးသားထားတဲ့ဝီကီပီဒီယားက ဆောင်းပါးက ဆောင်းပါးတစ်ပုဒ်မှာ  အစောတွေ့ရှိရပြီး ဂျူဘာမြို့နဲ့အခြားသော မြို့တွေကို လေကြောင်းပို့ဆောင်မှု အကြောင်းရေးသားထားတဲ့အကြောင်းအရာတွေမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် –  Juba AirportArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကို ဆင်းသက်လာတဲ့ UNအလံပါ လေယာဉ်ဓာတ်ပုံဟာ ၂၀၁၁ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။

Avatar

Title:မင်္ဂလာဒုံလေဆိပ်မှာဆင်းသက်ခဲ့တဲ့ UN တံဆိပ်ပါလေယာဉ်လား- မဟုတ်ပါ

Fact Check By: Zun Zee  

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *