သီပေါက စောင့်ကြည့်လူနာမှာ ပိုးတွေ့ပြီဆိုတဲ့ သတင်းမှား

Coronavirus False ကူးစက်ရောဂါ ဆေးဘက်ဆိုင်ရာ၊ | Medical

မတ် ၁၉ ရက်အထိ ကမ္ဘာတစ်လွှာက နိုင်ငံနဲ့ နယ်မြေဒေသပေါင်း ၁၆၈ အခုအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံခဲ့ပြီး လူပေါင်း ၂ သိန်းကျော်လောက်ကူးစက်ခံထားရပြီး လူပေါင်း ၉၀၀၀ နီးပါးသေဆုံးခဲ့ရချိန်မှာ မြန်မာနိုင်ငံအနေနဲ့လည်း စောင့်ကြည့်လူနာ ၁၇၇ ကျော်ရှိနေပါတယ်။

ဒီလိုအခြေအနေမျိုးမှာ သီပေါက စောင့်ကြည့်လူနာမှာ ပိုးတွေ့ပြီဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။

“မကွေး/ကျိုင်းတုံ / မိုင်းဖြတ်မှ စောင့်ကြည့် ကိုရိုနာ လူနာ သုံးဉီးလုံး ယနေ့ သေဆုံးသွားပါပြီ…ဝန်ခံဖို့ အချိန်တန်ပါပြီ ဧကရီ…သီပေါက စောင့်ကြည့်လူနာမှာ ပိုးတွေ့ပါသတဲ့ဗျာ..ဝန်ခံသင့်ပါပြီ  သို့မှ ပိုတိုးပြီး သတိထား ဆင်ချင်နိုင်ဖို့ ဖြစ်လာမှာပါ” ဆိုပြီး Aung Naing Htwe အမည်နဲ့ ဖေ့စ်ဘွတ်အကောင့်က မျှဝေထားပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

၁။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ်လ ၁၈ ရက် ည ၈ နာရီက ထုတ်ပြန်ချက်မှာ သီပေါမြို့နယ်က သံသယလူနာရဲ့ဓာတ်ခွဲအဖြေမှာရောဂါပိုးမတွေ့ရလို့ ထုတ်ပြန်ထားပါတယ်။ 

Fb link

စောင့်ကြည့်လူနာ၊ သံသယလူနာစာရင်းကို အချက်အလက်ပြမြေပုံနဲ့ ကျန်းမာရေးဝန်ကြီးဌာနမှာ ဖော်ပြထားအောက်ပါအတိုင်းဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အတည်ပြုလူနာမရှိသေးပါဘူး။

LinkArchive link

၂။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ် ၁၉ ရက်မှာ ထုတ်ပြန်တဲ့ နယ်မြေဒေသနဲ့ နိုင်ငံအလိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအခြေအနေနဲ့ သေဆုံးမှုစာရင်းမှာလည်း မြန်မာနိုင်ငံမပါဝင်တာတွေ့ရပါတယ်။

Link

၃။ သီပေါမြို့နယ်ဆေးရုံက ဆေးရုံအုပ် ဒေါက်တာနန္ဒဝင်းကလည်း သံသယလူနာမှာ ပိုးမတွေ့ရှိဘူးလို့ လူမှုကွန်ယက်မှာ မျှဝေထားပါတယ်။

“သီပေါ စောင့်ကြည့်လူနာရဲ့ ဓါတ်ခွဲအဖြေက “ပိုးမတွေ့ပါ” တဲ့။ပျော်ရွှင်စွာ သက်ပြင်းချနိုင်ခဲ့ပါပြီ။မနက်ကစပြီး လူနာကို တစ်ဦးတည်းသီးသန့်ခန်းမှသည် သီးသန့်ခန်းမထဲကိုရွှေ့ပါပြီ (အဲဒီသီးသန့်ခန်းမထဲမှာလည်း သူတစ်ယောက်တည်းပဲဖြစ်ပါလိမ့်မယ်) အိမ်ကလူလည်း လာစောင့်လို့ရပါပြီ။အဆုတ်တစ်ခြမ်းကမကောင်းလို့ ဆက်ကုရပါဦးမယ် သူငယ်ချင်း ပြည်နယ် တီဘီဆရာဝန်ကြီးကတော့ ဓါတ်မှန်ကိုကြည့်ပြီး မင်းလူနာ တီဘီ ဖြစ်ဖို့ရာနှုန်းများတယ် သလိပ်ကို စစ်ပါလို့ လှမ်းအကြံပေးထားပါတယ် သူငယ်ချင်းအကြံပေးတဲ့အတိုင်း AFB ရော Gene Xpert ကောစစ်ပါ့မယ်”လို့ ရေးသားမျှဝေထားပါတယ်။

Fb linkArchive link

သုံးသက်ချက်

အထက်က အချက်အလက်တွေအရ Aung Naing Htwe အမည်နဲ့ ဖေ့စ်ဘွတ်အကောင့်က မျှဝေထားတဲ့ သီပေါက စောင့်ကြည့်လူနာမှာ ပိုးတွေ့ပါသတဲ့ဗျာ”ဆိုတဲ့သတင်းဟာ သတင်းမှားသာဖြစ်ပါတယ်။

Avatar

Title:သီပေါက စောင့်ကြည့်လူနာမှာ ပိုးတွေ့ပြီဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *