ရင်ထဲထိစေတဲ့ သားမိပုံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာလား

Coronavirus False ကူးစက်ရောဂါ ဆေးဘက်ဆိုင်ရာ၊ | Medical

တကိုယ်လုံးနီးပါ ပလက်စတစ်အိတ်စွပ်တဲ့အမျိုးသမီးတစ်ဉီးက ကလေးငယ်လေးကိုပွေ့ချည်ထားတဲ့ ဓာတ်ပုံတစ်ပုံ လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။

“ရင်ထဲထိစေတဲ့ အီတလီက သားမိပုံ၊ ကိုရိုနာကူးစပ်ခံထားရတဲ့အမေနဲ့ ၊အမေမှအမေဆိုပြီး ပူးကပ်နေတဲ့ သားငယ်”ဆိုပြီးတော့ “နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ”၊ “search Myanmar” နဲ့ “မြန်မာတိုင်းရင်းဆေးများ” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာတွေ အောက်ပါအတိုင်းမျှဝေထားပြီး ဖေ့စ်ဘွတ်သုံးစွဲသူတွေက ပြန်လည်မျှဝေတာများပြားခဲ့ပါတယ်။

Fb linkFb linkFb link
Archive linkArchive linkArchive link

အမျိုးသမီးငယ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာတကယ်လား။

အချက်အလက်စိစစ်ချက်

Google မှာပုံပြောင်းပြန်ရှာနည်းအသုံးပြုပြီး ရှာဖွေကြည့်ရမှာအောက်ပါအတိုင်းတွေ့ရပါတယ်။

လင့်တွေကိုထောက်ကြည့်လိုက်တဲ့အခါမှာ ဒီပုံဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လကတည်း အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့ပြီးဖြစ်ပါတယ်။ အစောဆုံး အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ လင့်တွေကို ကြည့်ရင် တူရကီဘာသာနဲ့ ပျံ့နှံခဲ့တာတွေ့ရပါတယ်။အောက်ပါ လင့်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Fb linkFb link
Archive linkArchive link

ကနဉီး လူမှုကွန်ယက်သုံးစွဲသူတွေမျှဝေထားတဲ့ ဒီဓာတ်ပုံမှာ တကိုယ်လုံးနီးပါ ပလက်စတစ်အိတ်စွပ်တဲ့ အမျိုးသမီးတစ်ဉီးဟာ ကလေးငယ်က ကင်ဆာရောဂါကြောင့် ဓာတ်ကင်ထားရတဲ့အတွက် အခြားသူက တိုက်ရိုက်ပွေ့ဖက်လို့မရတာမို့ အမျိုးသမီးက အကာအကွယ်ဝတ်စုံဝတ်ဆင်ထားတာဖြစ်ပါတယ်။ အခြားဓာတ်ပုံမျှဝေတဲ့ဝက်ဆိုဒ်တစ်ခုမှာလည်း လွန်ခဲ့တဲ့ ၈ လလောက်က တင်ထားတာတွေ့ရပါတယ်။

LinkArchive link

သုံးသပ်ချက်

အထက်က အချက်အလက်တွေ တကိုယ်လုံးနီးပါ ပလက်စတစ်အိတ်စွပ်တဲ့အမျိုးသမီးတစ်ဉီးက ကလေးငယ်လေးကိုပွေ့ချည်ထားတဲ့ လူမှုကွန်ယက်မှာပျံ့နှံနေတဲ့ ပုံဟာ ကလေးငယ်က ကင်ဆာရောဂါကြောင့် ဓာတ်ကင်ထားရတာဖြစ်ပြီး အမျိုးသမီးက ကိုရိုနာဗိုင်းရပ်စ်လူနာမဟုတ်ပါဘူး။

Avatar

Title:ရင်ထဲထိစေတဲ့ သားမိပုံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာလား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *