
မန်ချက်စတာယူနိုက်တက်အသင်းက ဘောလုံး ကစားသမားဟောင်း ဝိန်းရွန်းနီးဟာ CDM မှာပါဝင်ပြီး အာဏာရှင်ကို တော်လှန်ဖို့ အားပေးနေပုံဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာ ကမျှဝေထားပါတယ်။
သို့သော်လည်း ဒီဓာတ်ပုံဟာ ဓာတ်ပုံပြုပြင်နည်းနဲ့ပြုပြင်ထားခြင်းဖြစ်ပြီး မူရင်းဓာတ်ပုံဟာ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပရိတ်သတ် ၁၀ သန်းပြည့်အထိမ်းအမှတ်အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောတဲ့ဓာတ်ပုံ ဖြစ်ပါတယ်။
“မန်ယူ အသင်းကစားသမားဟောင်း
ရွန်းနီး တောင်မှ CDM ပါဝင်ဖို့
အာဏာရှင်တွေကို တော်လှန်ဖို့ အားပေးနေပြီ


Crd.
”လို့ရေးသားပြီးအောက်ပါအတိုင်းမျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဓာတ်ပုံရှာဖွေရေးဝက်ဘ်ဆိုဒ်ဖြစ်တဲ့ Tineye မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဒီပုံဟာ မန်ချက်စတာ ယူနိုက်တက်(မန်ယူ)အသင်း တိုက်စစ်မှူးဝိန်းရူးနီဟာ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ပရိတ် ၁၀ သန်းပြည့် အထိမ်းအမှတ်အနေနဲ့ ၂၀၁၂ ခုနှစ်က ြသဂုတ်လထဲမှာ ကျေးဇူးတင်ကြောင်းပြောတဲ့ ဓာတ်ပုံဖြစ်ပါတယ်။
အင်ဒိုနီးရှားဘာသာနဲ့ ဓာတ်ပုံစာသားကို ဘာသာပြန်ဆိုကြည့်ရာမှာ “ခြေထောက်ဒဏ်ရာက သက်သာ လာပြီးနောက် လှုပ်ရှားမှုတွေ ထဲက ပထမဆုံးဓာတ်ပုံအဖြစ် ဒီပုံကို သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ တင်ခဲ့တာဖြစ်ပါတယ်။ မာခ်ဇူကာဘက်ရဲ့ ဆိုဒ်ကကနေ ပရိတ်သက် ၁၀ သန်းပြည့်အထိမ်အမှတ်အနေနဲ့ ကျေးဇူးတင်ကြောင်းပြောခဲ့တာဖြစ်တယ်။”လို့ ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Jola | Archive link
ဒီဓာတ်ပုံကို ပြီးခဲ့တဲ့နှစ်များအတွင်းကလည်း အခြားသောအကြောင်းအရာတွေမှာ ပြောင်းလဲဖော်ပြခဲ့မှုရှိခဲ့တာ လည်းတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ရေဘေးအတွက် ဝိန်းရူးနီဆုတောင်းတယ်ဆိုပြီး ဒီဓာတ်ပုံကို ပြုပြင်ပြောင်းလဲပြီး ၂၀၁၅ ခုနှစ်ကလည်းမျှဝေခဲ့ကြပါသေးတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ မန်ယူကစားသမား ဝိန်းရူးနီဟ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ပရိတ် ၁၀ သန်းပြည့် အထိမ်းအမှတ်အနေနဲ့ ကျေးဇူးတင်ကြောင်းပြောတဲ့ ဓာတ်ပုံဖြစ်ပါတယ်

Title:မန်ယူကစားသမား ဝိန်းရူးနီးက CDM ပါဝင်ဖို့ပြောနေတယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံ
Fact Check By: Nayar MaungResult: False