၆ နှစ်ပြည့်အစီအစဉ်အဖြစ် iphone 11 pro အလုံး ၃၀ မဲပေါက်ပေးမယ်ဆိုတဲ့ Telenor စာမျက်နှာအတု

False လူမှုရေး

“Telenor ‌အော်ပရေတာ ၆နှစ်ပြည့်အထူးအစီအစဥ်”ဆိုပြီးတော့ Telenor ဆိုတဲ့စာမျက်နှာကနေ မျှဝေထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။

မေ ၉ ရက်နေ့ကတင်ထားတဲ့ပို့စ်မှာ  “Telenor သုံးစွဲသူမိဘပြည်သူများအား ကျေးဇူးတုံပြန်သောအနေဖြင့် Telenor နှင့် i phone company တို့ပူးပေါင်း၍ i phone 11pro အလုံး(၃၀) ခန့်ကို မဲဖောက်ပေးသွား မည်ဖြစ် ပါသည်။ထို့အပြင် ဖုန်းဘေ 1000 ကတ် 100ကတ် 5000ကတ် 50ကတ် 3000ကတ် 30ကတ်နှင့် 1000ကတ် 10ကတ်ကိုပါထပ်မံမဲဖောက်ပေးသွားမည်ဖြစ်ပါသည်။ကံစမ်းမဲအစီအစဉ်တွင်ပါဝင်လိုသူများအနေဖြင့်1.ပထမဦးဆုံးအခု Telenor Page ကို Like လုပ်ထားရပါမယ် 2.အခု Post မိမိ Profile တွင့် share ပါ 3.ယခု Post အောက်မှာ ကိုယ့်ရဲ့ ဖုန်းနံပါတ် နောက်ဆုံး (3)လုံးရေးထားပါ 09700012345 ဆိုရင် ဥပမာ,345 comment မှာရေးပေးပါ။ကံထူးရှင်များကို May.25.2020 မှာကြေညာပေးမှာဖြစ်ပါတယ်”ဆိုပြီးရေးသားထားပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

ပထမဆုံး ဒီပို့စ်တင်ထားတဲ့ စာမျက်နှာကို စိစစ်ရာမှာ ဒီစာမျက်နှာဟာ ၂၀၂၀ ခုနှစ် မေ ၇ ရက်နေ့ကမှ စတင် လုပ်ခဲ့တဲ့စာမျက်နှာတစ်ခုဖြစ်တာတွေ့ရှိရပါတယ်။ ဒီစာမျက်နှာကို လူတွေ likes လုပ်ထားတဲ့အရေ အတွက် ကလည်း လူဉီးရေ ၁၂၀၀ ဝန်းကျင်သာရှိတာတွေ့ရပါတယ်။

ဒီစာမျက်နှာကို Telenor Myanmar ရဲ့ အပြာရောင်အမှတ်အသားပါတဲ့ တရားဝင်စာမျက်နှာမှာ ဒီလို ကြေညာထားတာမတွေ့ရှိရပါဘူး။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Telenor Myanmar 

ဒီပို့စ်မှာပါတဲ့အကြောင်းအရာတွေဖြစ်တဲ့ iphone 11 pro ၃၀ လုံးနဲ့အခြားသော ဆုမဲတွေ မဲဖောက်ပေးမယ်လို့ ပြောကြားထားချက်နဲ့ ပတ်သက်ပြီး တယ်လီနောမြန်မာရဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ရာမှာတော့ အောက်ပါအတိုင်း ပြန်ကြားခဲ့ပါတယ်။

“လင့်ခ်ကို စစ်ဆေးကြည့်ရာမှာ ဒီစာမျက်နှာက တယ်လီနော မြန်မာရဲ့ စာမျက်နှာမဟုတ်တာတွေ့ရပါတယ်။ ကျွန်မတို့အနေနဲ့ ကျွန်မတို့ လူမှုကွန်ယက်မီဒီယာအဖွဲ့ကိုလည်း စစ်ဆေးခိုင်းထားပါတယ်”ဆိုပြီးတော့ တယ်လီနော မြန်မာရဲ့ ပြင်ပဆက်ဆံရေးမန်နေဂျာမမေစန္ဒီအေးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ Telenor  ၆ နှစ်ပြည့်အစီအစဉ်အနေနဲ့ i phone company တို့ပူးပေါင်း၍ i phone 11pro အလုံး(၃၀) ခန့်ကို မဲဖောက်ပေးသွားမယ်ဆိုတဲ့ အချက်အလက်ဟာ အချက်အလက်အမှား အချက်အလက်အတုဖြစ်တာတွေ့ရပါတယ်။

Avatar

Title:၆ နှစ်ပြည့်အစီအစဉ်အဖြစ် iphone 11 pro အလုံး ၃၀ မဲပေါက်ပေးမယ်ဆိုတဲ့ Telenor စာမျက်နှာအတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *