
လေယာဉ်လက်မှတ်၊ ဒေါ်အောင်ဆန်းစုကြည်ပုံ၊ နာရေးအခမ်းအနားတစ်ခု၊ ခေါင်းလောင်းထိုးနေဟန်ပုံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အစစ်နဲ့အတုသံသယရှိဖွယ်အကြောင်းအရာများဆိုပြီးတော့ ရေးသားမျှဝေထားတဲ့ ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ အငယ်ဆုံးသားဖြစ်သူ မူးယစ်ဆေးမှုနဲ့ အဖမ်းခံရပြီး သေဒဏ်ကျခံဖို့ရှိပြီးနောက် သေဒဏ်က နေ လွတ်မြောက်ဖို့ အမေရိကန်ထောက်လှမ်းရေး(CIA)နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပေးအယူအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အခြားသူတစ်ဦးက ဟန်ဆောင်ထားခြင်းဖြစ်တယ်လို့ ရေးသားထားပြီး ဒေါ်အောင်ဆန်း စုကြည်ကွယ်လွန်ပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ကြောင်း စသည်ဖြင့်ရေးသားထားပါတယ်။
တကယ်တော့ ဓာတ်ပုံတွေဟာ အင်တာနက်မှာပျံ့နှံ့လျက်ရှိပြီးဖြစ်တဲ့ဓာတ်ပုံတွေဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ မသက်ဆိုင်တဲ့ ပုံတွေလည်းပါဝင်ပါတယ်။
ဖေ့စ်ဘွတ်မှာ ပျံ့နှံမှုအားကောင်းခဲ့တဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ရေး သားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
ဒီရေးသားမျှဝေချက်တွေထဲက ကောက်နုတ်ချက်အနေနဲ့ဖော်ပြရရင် “၂၀၁၇ က ဒေါ်စု သားအငယ်ကောင် အင်္ဂလန်မှာ ဆေးမူနဲ့ သေဒဏ်ကြတော့ ဒေါ်စု ပြည်ပခရီးစဉ်သွားရင်း CIA ကစီစဉ်ထားတဲ့ ဒေါ်စုအတုနဲ့ တွေ့ပေးပြီး ဒေါ်စုကို သူ့သားအငယ်နဲ့ အတူနေရင် သေဒဏ်က ကင်းလွတ်ခွှင့်ပေးမယ် CIAက ဒေါ်စုကို မြန်မာ့နိုင်ငံရေးထဲ ဝင်မရှုပ်ဖို့ပြောပြီး ဒေါ်စုနေရာမှာ ရုပ်ရော အသံရော အမူအရာပါ တူတဲ့ အထူးလေ့ ကျင့်စီစဉ်ထားတဲ့ မိုးမိတ်မြို့ ဈေးလမ်းနေ ယခုလက်ရှိ ဂျပန်နိုင်ငံသားခံယူထားသူ ဒေါ်အစီယာ ( အစ်စလမ်ဘာသာဝင်) နှင့်အစားထိုးလဲလှယ်ဖို့ သဘောတူခဲ့တယ်လို့ဆိုတယ်
အဲဒီ ၂၀၁၇ ထဲမှာပဲ ဒေါ်စုအတု ဒေါ်အစီယာ မြန်မာပြည်ကို ညကြီးမင်းကြီး မင်္ဂလာဒုံလေဆိပ်ကို မီးမှောင်ချပြီး တင်ပါးခွဲစိတ်ထားတာမပြောက်သေးတဲ့အတွက် လမ်းမလျှောက်နိုင်သေးလို့ ဝှီးချဲနဲ့ ပြန်လာတယ် (#အောက်မှာလေယဉ်ကွင်းကို မီးမှောင်ချပြီး ပြန်လာတဲ့ပုံရှိပါတယ်)”စသည့်ဖြင့် အစချီရေးသားထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူးအခြေအနေနဲ့ပတ်သက်ပြီး မကြာခဏဆိုသလို သတင်းတုတွေ ဖြန့်ခဲ့တာတွေ့ရပါတယ်။ ရွေးကောက်ပွဲအကြိုကာလမှာလည်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ ပတ်သက် တဲ့ သတင်းတုတွေ ဖြန့်ခဲ့တာကို Fact Crescendo Myanmar ကအချက် အလက်စိစစ်ခဲ့တာ ဒီလင့်ခ်၊ ဒီလင့်ခ်မှာ ဖတ်ရှူ့နိုင်ပါတယ်။
ပထမဆုံး “၂၀၁၇ က ဒေါ်စု သားအငယ်ကောင် အင်္ဂလန်မှာ ဆေးမူနဲ့ သေဒဏ်ကြတော့ ဒေါ်စု ပြည်ပခရီးစဉ် သွားရင်း CIA ကစီစဉ်ထားတဲ့ ဒေါ်စုအတုနဲ့တွေ့ပေးပြီး ဒေါ်စုကို သူ့သားအငယ်နဲ့ အတူနေရင် သေဒဏ်က ကင်းလွတ်ခွှင့်ပေး မယ် CIAက ဒေါ်စုကို မြန်မာ့နိုင်ငံရေးထဲ ဝင်မရှုပ်ဖို့ပြောပြီး ဒေါ်စုနေရာမှာ ရုပ်ရော အသံရော အမူအရာပါ တူတဲ့ အထူးလေ့ကျင့်စီစဉ်ထားတဲ့ မိုးမိတ်မြို့ ဈေးလမ်းနေ ယခုလက်ရှိ ဂျပန်နိုင်ငံသားခံယူထားသူ ဒေါ်အစီယာ ( အစ်စလမ်ဘာသာဝင်) နှင့် အစားထိုးလဲလှယ်ဖို့ သဘောတူခဲ့တယ်လို့ဆိုတယ်။ အဲဒီ ၂၀၁၇ ထဲမှာပဲ ဒေါ်စုအတု ဒေါ်အစီယာ မြန်မာပြည်ကို ညကြီးမင်းကြီး မင်္ဂလာဒုံလေဆိပ်ကို မီးမှောင်ချပြီး တင်ပါးခွဲစိတ်ထား တာမပြောက်သေးတဲ့အတွက် လမ်းမလျှောက်နိုင်သေးလို့ ဝှီးချဲနဲ့ ပြန်လာတယ် (#အောက်မှာလေယဉ်ကွင်းကို မီးမှောင်ချပြီး ပြန်လာတဲ့ပုံရှိပါတယ်)”ဆိုတဲ့ အချက်အလက်ကို စိစစ်ကြည့်ရအောင်ပါ။
ဒီလိုရေးသားမျှဝေနေတာနဲ့ ပတ်သက်ပြီးတော့ အဓိကကျတဲ့ စကားလုံးအချို့ကို အသုံးပြုပြီး အင်တာနက်မှာ ရနိုင်သမျှအချက်အလက်ကို စိစစ်ကြည့်ရမှာ ဒေါ်အောင်ဆန်းစုကြည်သားငယ်ဟာ မူးယစ်ဆေးနဲ့ ဖမ်းခံရ တယ်ဆိုတဲ့ အချက်အလက်မျိုးမတွေ့ရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်အဲရစ်ဟာ ဗြိတိန်နိုင်ငံ သားတစ်ဦးဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ နေထိုင်သူဖြစ်ပါတယ်။ CIA ဟာ အမေရိကန်ထောက်လှမ်းရေး အဖွဲ့ဖြစ်ပါတယ်။ ဒီအချက်အရလည်း ဒီလိုအပေးအယူလုပ်တယ်ဆိုတဲ့ ဖြစ်နိုင်ခြေဟာ ယုတ္တိမဲ့တာတွေ့ရပါတယ်။
“ဒေါ်စု အတု ပြန်လာပြီးနောက် အရင်ဆုံး သတိပြုရိပ်မိသူက သမ္မတဟောင်း ဦးထင်ကျော်လို့ဆိုပါတယ် ဦးထင်ကျော်ဟာ ဒေါ်စုနဲ့ အနီးကပ် လက်ပွန်းတနီး နေခဲ့ဖူးသူဆိုတော့ ဒေါ်စုအတုရဲ့ မူမမှန်တဲ့ အမူအကျင့်တွေကို ရိပ်မိပြီး သမိုင်းတရားခံ ဖြစ်မှာစိုးလို့ သမ္မတရာထူးက နှုတ်ထွက်သွားတယ်လို့ဆိုပါတယ်”ဆိုတဲ့ အချက်အလက်နဲ့ ပတ်သက်ပြီး ဆက်လက် စိစစ်ကြည့်ရအောင်ပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၇ ခုနှစ်ထဲမှာ ဗြိတိန်အပါအဝင် တရုတ်နဲ့ ဉရောပနိုင်ငံတွေကို ခရီးသွားခဲ့ တာ တွေ့ရပါတယ်။ သမ္မတဦးထင်ကျော်နှုတ်ထွက်မှုနဲ့ပတ်သက်ပြီးတော့ ကျန်းမာရေးအရ နှုတ်ထွက်တာလို့ သူ့ရဲ့ ဇနီး ဒေါ်စုစုလွင်ကပြောကြားထားပါတယ်။
ဓာတ်ပုံတွေကို Google မှာ မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အလံအုပ်ထားတဲ့ နာရေးတစ်ခုအခမ်းအနားဟာ ၂၀၁၇ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ်ခြင်းခံရတဲ့ ပါတီဝင်တစ်ဦး ဖြစ်တဲ့ ဦးကိုနီရဲ့ နာရေးအခမ်းအနားတစ်ခုဖြစ်တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – DVB | Archive link
လေယာဉ်လက်မှတ်တွေဟာလည်း ဓာတ်ပုံပြုပြင်နည်း အသုံးပြု ပြုပြင်ထားခြင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်နာမည်နဲ့ လေယာဉ်လက်မှတ်အဖြစ်ဖော်ပြထားရာမှာ ရန်ကုန်ကနေ အင်္ဂလန်လို့ ဖော်ပြထားတယ်။ သို့သော်လည်း မြန်မာနိုင်ငံကနေ ဗြိတိန်နိုင်ငံ ကို တိုက်ရိုက်ပျံသန်းတဲ့လေယာဉ်မရှိတာတွေ့ရပါတယ်။ လေယာဉ် စီးလက်မှတ်ကိုဖော်ပြရာမှာလည်း လေယာဉ်ထွက်ခွာရာနဲ့ ဆိုက်ရောက်ရာနေရာကိုဖော်ပြရာမှာလည်း မြို့အမည် နဲ့ လေယာဉ်ကွင်းအမည်ကိုဖော်ပြခြင်းမရှိပါဘူး။
အခြားသော အမျိုးသားတစ်ယောက်နဲ့အတူရပ်နေတဲ့ ပုံဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တူတဲ့ ညီအစ်မဝမ်းကွဲ တော်စပ်သူ ဒေါ်ကြည်ကြည်စန်းရဲ့ ပုံဖြစ်ပြီး ဒီလင့်ခ်မှာတွေ့နိုင်ပါတယ်။
နောက်ထပ် ဒေါ်အောင်ဆန်းစုကြည်အတုအဖြစ်ဖော်ပြနေတဲ့ ပုံတွေဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေဖြစ်ပြီး Chair NLD ဖေ့စ်ဘွတ်စာမျက်နှာ တင်ထားတဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။
သုံးသပ်ချက်
ဒေါ်အောင်ဆန်းစုကြည်ဟာ အတုနဲ့အစစ်အဖြစ်ဖော်ပြနေတဲ့ ပုံတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေပဲဖြစ်တာတွေ့ရပါတယ်။ အခြားသော အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ပုံတွေကို အသုံးပြုပြီး လိုအပ်သလိုပြုပြင်ကာ ထင်ယောင် ထင်မှားဖြစ်စေဖို့ ရေးသားမျှဝေထားတာတွေ့ရပါတယ်။

Title:ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တဲ့ ဝါဒဖြန့်သတင်းတု
Fact Check By: Nayar MaungResult: Misleading