
ကာလာအဖြူအမည်နဲ့ အမျိုးသမီးတွေဟာ ပါးစပ်နဲ့နှားခေါင်းစည်းတွေဝတ်ဆင်ထားတဲ့ပုံတွေ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က ကမ္ဘာ့ရောဂါကပ်ကြီးမှ ရှားရှားပါးပါးဓာတ်ပုံမှတ်တမ်းတွေအဖြစ် လူမှုကွန် ယက်မှာသုံးစွဲသူတွေ အကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။
“လွန်ခဲ့သောနှစ်ပေါင်း၁၀၀ကျော်ခန့်က ကမ္ဘာ့ရောဂါကပ်ဆိုးကြီးအတွင်းမှ ရှားပါးမှတ်တမ်းဓာတ်ပုံများ” လို့ရေး သားပြီး “ရှိုင်းမြင့်မိုး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုက “တနင်္သာရီတိုင်းဒေသကြီးသတင်းစုံ”အမည်နဲ့ ဖေ့စ်ဘွတ် အုပ်စုမှာ မျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ၇၀၀ ကျော်ကပြန်လည်မျှဝေခဲ့ကြပါတယ်။
ဒီပို့စ်မှာ ပါးစပ်နဲ့နှာခေါင်းစည်းတပ်ဆင်ထားတဲ့ ဓာတ်ပုံ ၄ ပုံအပါအဝင်အပြင် နောက်ထပ် ဓာတ်ပုံ ၉ ပုံပါဝင်တာတွေ့ရပါတယ်။

အလားတူပို့စ်မျိုးကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ ဒီဓာတ်ပုံတွေဟာ တကယ်ပဲနှစ်တမ်း ၁၀၀ ကျော်အတွင်းက ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေလား။ ဆန်းစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
ပို့စ်မှာပါတဲ့ပုံတွေထဲက ပထမဆုံးပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်အတိုင်းတွေ့ရပါတယ်။

လွန်ခဲ့သောနှစ်ပေါင်း၁၀၀ကျော်ခန့်က ကမ္ဘာ့ရောဂါကပ်ဆိုးကြီးအတွင်းမှ မှတ်တမ်းဓာတ်ပုံတွေအဖြစ် နိုင်ငံတကာ မှာလည်း ပျံ့နှံ့ခဲ့တာတွေ့ရပြီး အချက်အလက်စိစစ်ရေးအဖွဲ့အစည်းအသီးသီးက ဓာတ်ပုံတစ်ချို့ဟာ အချက်အ လက်စိစစ်ထားတာတွေ့ရပါတယ်။ ၂၀၂၀ ခုနှစ်ကနေ နှစ်ပေါင်း ၁၀၀ ကျော်မှာ ဖြစ်ပွားခဲ့တဲ့ ကပ်ရောဂါကို ပြန်ကြည့်မယ်ဆိုရင် ၁၉၁၈ ခုနှစ်မှာ Spanish Flu ဆိုတဲ့ စပိန်တုပ်ကွေးကပ်ရောဂါ ဖြစ်ခဲ့တာတွေ့ရပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင်ခ့်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
အခုပျံ့နှံ့နေတဲ့ ဓာတ်ပုံပို့စ်ထဲကနေ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က ကပ်ရောဂါအတွင်းက ရိုက်ကူးခြင်းသို့မဟုတ် သက်ဆိုင်ခြင်းမရှိတဲ့ပုံတွေကို ရွေးနုတ်ပြီးတော့ အောက်ပါအတိုင်းပြန်လည်ဖော်ပြအပ်ပါတယ်။
အမျိုးသမီးနှစ်ယောက် ကန်တော့ပုံဖလင်အကြည်ရောင်မျက်နှာဖုံးဝတ်ထားတဲ့ပုံဟာ ၁၉၃၉ ခုနှစ်က ကနေဒါ နိုင်ငံ မွန်ထရီရယ်မြို့မှာ ရိုက်ကူးထားတဲ့ ပုံဖြစ်ပြီး နှင်းမုန်တိုင်းဒဏ်ကနေ ကာကွယ်ဖို့အတွက် ပလက်စတစ် မျက်နှာဖုံးဝတ်ဆင်ထားတယ် ပုံစာမှာရေးသားထားပါတယ်။

နောက်ထပ်တစ်ပုံဖြစ်တဲ့ အမျိုးသမီးနှစ်ယောက်ပလက်စတစ်အိတ်ကို စွပ်ထားသလိုမျိုး စွပ်ထားတဲ့ပုံဟာ ၁၉၅၃ ခုနှစ် နိုဝင်ဘာ ၂၀ က အမေရိကန်နိုင် ဖီလဒယ်ဖီးယားမှာ ဒုတိယမြောက်နေ့အဖြစ် ရာသီဉတုဆိုးရွား မှုကြုံတွေ့ရပြီး လေထုညစ်ညမ်းမှုကြောင့် မျက်စိစပ်တာတွေဖြစ်တာကို ကာကွယ်ဖို့အတွက် အမျိုးသမီး နှစ်ဉီးက မျက်နှာစွပ်ကို သုံးထားတာဖြစ်ပါတယ်။ ဘယ်ဘက်က အမျိုးသမီးနာမည်က Meriel Bushleft ဖြစ်ပြီး ညာဘက်က အမျိုးသမီး Ruth Neuer ဆိုပြီးတော့ ဓာတ်ပုံစာညွှန်းမှာဖော်ပြထားပါတယ်။

အမျိုးသမီးနှစ်ဦး နှာခေါင်းစည်းနဲ့ လက်ချင်းချိတ်လမ်းလျှောက်နေတဲ့ ပုံဟာ ၁၉၁၃ ခုနှစ်က အမျိုးသမီးတွေရဲ့ ဖက်ရှင်ဆိုပြီးတော့ ရေးသားထားတဲ့ ဓာတ်ပုံကို alamy.com မှာတွေ့ရပါတယ်။ တူရကီမှာ အဲဒီအချိန်က ခေတ်စားခဲ့တဲ့ အမျိုးသမီးတွေ မျက်နှာဖုံးစွပ်တာကို အခြေခံပြီးတော့ ဖက်ရှင်အသစ်ထွင်တယ်လို့ ယူဆကြပါတယ်။ ဒီမှတ်တမ်းဟာ မမှားအယွင်းရှိကောင်းရှိနိုင်တယ်လို့လည်းရေးသားထာပါတယ်။

ရှေ့မှာလေစစ်လိုမျိုး ဘုသီးတွေပါဝင်တဲ့ မျက်နှာဖုံးနဲ့ ဓာတ်ပုံဟာ ၁၉၄၁ ခုနှစ် ဇူလိုင် ၉ ရက်က အဖြစ်အပျက် တစ်ခုဖြစ်ပါတယ်။ Kingston မှာဓာတ်ငွေ့နဲ့ပတ်သက်တဲ့ စမ်းသပ်မှုတစ်ခုမှာ ဓာတ်ငွေ့ကာမျက်နှာဖုံးတပ်ထားတဲ့ မိခင်ဟာ ကလေးကိုလည်း အလားတူ မျက်နှာဖုံးတပ်ပေးနေပုံဖြစ်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်စိစစ်ချက်အရ အမျိုးသမီးနှစ်ယောက် ကန်တော့ပုံဖလင်အကြည်ရောင်မျက်နှာဖုံးဝတ်ပုံ၊ အမျိုးသမီးနှစ်ယောက်ပလက်စတစ်အိပ်လိုမျိုး မျက်နှာကိုစွပ်ထားပုံ၊ အမျိုးသမီးနှစ်ဦး နှာခေါင်းစည်းနဲ့ လက်ချင်း ချိတ်လမ်းလျှောက်နေပုံနဲ့ ဓာတ်ငွေ့ကာမျက်နှာဖုံးတွေ စွပ်ထားပုံတွေဟာ ၁၉၁၈ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ စပိန်တုပ် ကွေး ကပ်ရောဂါနဲ့သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။

Title:နှစ်ပေါင်း၁၀၀ကျော်ကဖြစ်ပွားခဲ့တဲ့ကမ္ဘာ့ရောဂါကပ်ဆိုးကြီးအတွင်းက ဓာတ်ပုံတွေလား
Fact Check By: Nayar MaungResult: Misleading