အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန်သမ္မတထရမ့်တို့ တွေ့ဆုံမှုအပြီးမှာ အမေရိကန်က NUG ကို ဒေါ်လာ သန်း ၅၀၀ ဖိုး လက်နက်တွေ ထောက်ပံ့ခဲ့တယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ချိထားတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်း ဖြစ်တယ်။
“Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“NUG နဲ့ ဒေါ်နယ်ထရမ့်တွေ့ဆုံမှုအပြီး
လက်နက် သန်း ၅၀၀ ဖိုး
ဒေါ်ဇင်မာအောင် ချပြလို့ ဗိုလ်ချုပ်တွေလန့်ကုန်ပြီ”

အချက်အလက်စိစစ်ချက်
“Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပုံဖျက်ပြောဆိုပြီး သတင်းခေါင်းစဉ်တုတပ် ပြန်လည်ဖြန့်ချိတာ၊ လုံးဝလုပ်ကြံရေးသား ပြောဆိုချက်တွေကိုလည်း ဖြန့်ချိတာတွေ လည်း ပြုလုပ်ပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး မကြာခဏ Fact Crescendo Myanmar က အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။
အခုလည်း အစမှ ပြသတဲ့ ရုပ်ကတ်ထဲမှာရော ဗွီဒီယိုထဲက အသံဖိုင်နဲ့ ဖတ်ကြားရာမှာလည်း NUG နဲ့ သမ္မတ ထရမ့်တို့ တွေ့ဆုံအပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖိုးလက်နက်ထောက်ပံ့တယ်လို့ ဆိုထားတယ်။ ဒီသတင်း ကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်တစုံတရာမရှိပါဘူး။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေအပါအဝင် NUG နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း တစုံတရာဖော်ပြချက်မရှိပါဘူး။
သုံးသပ်ချက်
“Local Celegram”ဟာ သတင်းတွေကို ပုံဖျက်ပြောဆိုပြီး သတင်းခေါင်းစဉ်တုတပ် ပြန်လည်ဖြန့်ချိတာ၊ လုပ်ကြံရေးသား ပြောဆိုချက်တွေ ဖြန့်ချိတာတွေ ပြုလုပ်တဲ့နေရာတခုဖြစ်တယ်။ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန်သမ္မတထရမ့်တို့ တွေ့ဆုံမှုမရှိသလို အမေရိကန်က NUG ကို ဒေါ်လာ သန်း ၅၀၀ ဖိုး လက်နက်တွေ ထောက်ပံ့တယ်ဆိုတာလည်း မဟုတ်ပါဘူး။
ပြောဆိုချက်- သမ္မတ ထရမ့်နဲ့ တွေ့ဆုံမှုအပြီး NUG ကို ဒေါ်လာ သန်း ၅၀၀ ဖိုး လက်နက်တွေ အမေရိကန် ထောက်ပံ့

Title:Fact Check: သမ္မတထရမ့်တွေ့ဆုံမှုအပြီး NUG ကို အမေရိကန်က လက်နက် သန်း ၅၀၀ ဖို့ထောက်ပံ့ဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False