
ရွေးကောက်ပွဲပြန်လုပ်မပေးရင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အနိုင်ရ ကိုယ်စားလှယ်များ လွှတ်တော်မတက်တော့ဘူးလို့ရေးသားမျှဝေလျက်ရှိရာမှာ လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းဝန်းကျင်က ပြန်လည်မျှဝေထားပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကိုအောက်ပါအတိုင်းတွေ့ ရ ပါတယ်။
“ရွေးကောက်ပွဲ ပြန်မလုပ်ပေးရင် ပြည်ခိုင်ဖြိုး အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ တတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်တွေက နုတ်ထွက်ပါတော့မယ်။” လို့ရေးသားပြီး “Union Politics” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ နိုဝင်ဘာ ၃၀ ရက်က မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၃၀၀ ကျော်ရှိခဲ့ပါတယ်။ ဒီပို့စ်ကို screenshot ရိုက်ပြီး ပြန်လည်မျှဝေထားတာကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အခုလို ရွေးကောက်ပွဲပြန်လည်ကျင်းပခြင်းမပြုရင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနိုင်ရ ကိုယ်စား လှယ်များ လာမည့် လွှတ်တော်မတက် နှုတ်ထွက်တော့မယ်လို့ ရေးသားမျှဝေချက်နဲ့ပတ်သက်ပြီး ပါတီပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဒေါ်နန်းမြမြမီမီဇော်ကို Fact Crescendo Myanmar ကဆက်သွယ်အတည်ပြုရာမှာ အောက်ပါ အတိုင်းပြောပါတယ်။
“အဲ့ဒါကမဟုတ်ပါဘူးရှင်၊ သတင်းအမှားပါ။ နောက်တခုက ကျွန်မတို့ပါတီရဲ့ တရားဝင်ပေ့ချ်တွေကနေ တခုခု ဆိုကြေညာပါတယ်။ အဲ့မှာမကြေညာမထားတဲ့ဟာဆို အမှားလို့ယူဆလို့ရပါတယ်”
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ဒီလို အနိုင်ရ ကိုယ်စားလှယ်တွေ လွှတ်တော်မတက်ဖို့ ဆုံးဖြတ်တယ်ဆိုတဲ့ ထုတ်ပြန်ချက်မျိုးမတွေ့ရှိရပါဘူး။
သုံးသပ်ချက်
အထက်ပါအချက်အလက်ရ ရွေးကောက်ပွဲပြန်လုပ်မပေးရင် ပြည်ခိုင်ဖြိးကိုယ်စားလှယ်များ လွှတ်တော်မတက် တော့ဘူးလို့ရေးသားမျှဝေထားတဲ့ ပို့စ်ဟာ သတင်းမှားဖြစ်ပါတယ်။

Title:ရွေးကောက်ပွဲပြန်လုပ်မပေးရင် ပြည်ခိုင်ဖြိးကိုယ်စားလှယ်များ လွှတ်တော်မတက်တော့လို့ သတင်းမှားဖြန့်
Fact Check By: Nayar MaungResult: False