
ရွှေပုပ္ပါးသွေးဆေး ကြော်ငြာကားကို ပြည်ခိုင်ဖြိုးပါတီဝင်တွေက ထွက်ရိုက်တယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။
“သွေးလေခြောက်ချားနေသလား ရွှေပုပ္ပါးသွေးဆေးကိုစား နာမည်ဖြင့်သွေးဆေးလှည့်လည်ကြေငြာသည့်ကား ပြည်ခိုင်ဖြိုးပါတီ ရုံးရှေ့တွင်ဆေးကြေငြာနေသဖြင့် ပါတီရုံးထဲမှ ပါတီဝင်များ ထွက်ရိုက်မှုဖြစ်ပွား”ဆိုတဲ့ ခေါင်းစဉ်ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ နေပြည်တော်ပြည်ခိုင်ဖြိုးပါတီရုံးချုပ်ရှေ့မှာ ရွှေပုပ္ပါးသွေးဆေးကုမ္မဏီရဲ့ သွေးဆေးကြေငြာသည့်ကားသည် ပါတီရုံးရှေ့အလွန်၌ ကားကိုရပ်တန့်၍ သွေးဆေးကြေငြာနေစဥ် ပြည်ခိုင်ဖြိုး ပါတီဝင်များ မှဒုတ်များကိုင်ဆောင်၍ ဝိုင်းရိုက်ခဲ့တယ်ဆိုပြီးတော့ “Wai Wai”၊ “Ko Pauk”စတဲ့ အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက အောက်ပါအတိုင်းမျှဝေထားပါတယ်။

အချက်အလက်စိစစ်ချက်
ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဉီးအောင်ချိုဉီးကို Fact Crescendo Myanmar က တယ်လီဖုန်းနဲ့ ဆက်သွယ်အတည်ပြုခဲ့ရာမှာ အောက်ပါအတိုင်း ပြောကြား ပါတယ်။
“ပြည်ခိုင်ဖြိုးပါတီဌာနချုပ်နေရာလည်းမဟုတ်ဘူး။ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ကံ့ကော်အဝိုင်းနေရာဆိုတော့ နေရာလည်းမှားနေတယ်။ ပုံလည်းမှားနေတယ်။ နောက်တစ်ခုက ကျွန်တော်တို့ USDP အနေနဲ့လည်း ဒါမျိုးတွေ လုပ်ဖို့ အစီအစဉ်လည်းမရှိဘူး။ မဟုတ်ပါဘူး။
ဒီလိုပဲ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေကလည်း အလားတူ ပို့စ်တစ်ခုကို မျှဝေရင်း ဒီအချက်အလက်ဟာ မဟုတ်ကြောင်း ဇူလိုင် ၆ ရက် ငြင်းဆိုထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ဒီလိုဖြစ်ပျက်ခဲ့တာမရှိဘူးလို့ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက Boom Myanmar ကိုပြောကြားထားတာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်မှာပါ အချက်အလက်တွေအရ ရွှေပုပ္ပါးသွေးဆေး ကြော်ငြာကားကို ပြည်ခိုင်ဖြိုးပါတီဝင်တွေက ထွက်ရိုက်တယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေတဲ့ ပို့စ်ဟာ သတင်းတု သတင်းမှားသာဖြစ်ပါတယ်။

Title:ရွှေပုပ္ပါးသွေးဆေး ကြော်ငြာကားကို ပြည်ခိုင်ဖြိုးပါတီဝင်တွေက ထွက်ရိုက်တယ်ဆိုတဲ့ သတင်းတု
Fact Check By: Nayar MaungResult: False