တိုယိုတာ အမှတ်တံဆိပ်ကားတစီးပေါ်ကနေ အတွဲလိုက်ပစ် ဒုံးကျည်ပစ်စင်ကနေ ဒုံးကျည်တွေ ပစ်လွှတ်နေတဲ့ ဗွီဒီယိုကို မြန်မာနိုင်ငံက တော်လှန်ရေးတပ်တွေ နေပြည်တော်ကို တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေမှုလို့ ဆိုလို မျှဝေထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတာတွေ့ရပါတယ်။ တကယ်တော့ ဒီဗွီဒီယို ၂၀၁၆ ခုနှစ်လောက်ကတည်း အခြားသော ဘာသာစကားအသုံးပြုသူတွေပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁၅ ရက်က စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၆ သန်းဝန်းကျင် ရရှိထားတယ်။ မှတ်ချက်ပေးထားတာတွေကို လေ့လာကြည့်ရာမှာလည်း မြန်မာပြည်က တော်လှန်ရေးအဖွဲ့တွေရဲ့ တကယ်ပဲ စမ်းသပ်ပစ်ခတ်နေတဲ့ ဗွီဒီယိုလာဆိုပြီးတော့ ဝေးဝါးနေသလို နားလည်မှုလွဲစေနိုင်တာတွေ့ရတယ်။

“နေပြည်တော်အတွက်အထူး😘👊👊”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

Google မှာ ပုံရှာနည်းအသုံးပြုပြီး ဗွီဒီယိုကို ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ၂၀၁၆ ခုနှစ်ကတည်း အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ ဘောလုံးအားကစားအကြောင်းဖော်ပြနေတဲ့ “B/R Football”ဆိုတဲ့ တွစ်တာ စာမျက်နှာက ၂၀၁၆ ခုနှစ်မှာ Manuel Locatelli ရဲ့ ကန်ချက်လို့ရေးသားပြီး ဒီဗွီဒီယိုကို မျှဝေထားပါတယ်။ Manuel Locatelli ဆိုကတော့ အီတလီကွင်းလယ်ကစားသမားတဦးဖြစ်တယ်။

နောက်ထပ်လည်း လွန်ခဲ့တဲ့ ၅ နှစ်ဝန်းကျင်ကတည်းက ပါရှားဘာသာစကားနဲ့ ဝက်ဘ်ဆိုဒ်တခုကလည်း တင်ထားတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

တိုယိုတာ hilux အမှတ်တံဆိပ်ကားတစီးပေါ်ကနေ အတွဲလိုက်ပစ် ဒုံးကျည်ပစ်စင်ကနေ ဒုံးကျည်တွေ ပစ်လွှတ် နေတဲ့ ဗွီဒီယိုကို မြန်မာနိုင်ငံက တော်လှန်ရေးအဖွဲ့တွေ ပစ်ခတ်နေတဲ့ ဗွီဒီယိုတခုမဟုတ်ပါဘူး။ ဗွီဒီယိုဟာ ၂၀၁၆ ခုနှစ်ဝန်းကျင်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာလည်းတွေ့ရပါတယ်။

ပြောဆိုချက်- မြန်မာနိုင်ငံက တော်လှန်ရေးတပ်တွေ နေပြည်တော်ကို တိုက်ခိုက်ဖို့အတွက် အတွဲလိုက်ပစ် ဒုံးပစ်စင်ကို စမ်းသပ်ပစ်ခတ်နေပုံ

Avatar

Title:Fact Check: တိုယိုတာ ကားတစီးပေါ်ကနေ အတွဲလိုက်ပစ် ဒုံးကျည်ပစ်နေတဲ့ ဗွီဒီယိုဟာ မြန်မာနိုင်ငံက မဟုတ်ပါ

Fact Check By: နေရာမောင်

Result: Missing Context