
မြန်မာစစ်ခေါင်းဆောင် ထိုင်းနိုင်ငံကို လာရောက်စဉ် ထိုင်းနိုင်ငံသားတွေ ဆန္ဒပြခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မျာ ပျံ့နှံ့မှုအားကောင်းခဲ့တာ တွေ့ရပါတယ်။ မှားယွင်းပြောဆိုမှုသာဖြစ်တယ်။ ဗွီဒီယိုဟာ တကယ်တော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က အစိုးရရုံးရှေ့မှာ သစ်တောဥပဒေနဲ့ပတ်သက်ပြီး ဆန္ဒပြနေကြပုံ ဖြစ်တယ်။
ဖြန့်ဝေထားတဲ့ ယူကျူ့ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။
“သူများနိုင်ငံလာတော့ မောင်းထုတ်ခံရတဲ့ မင်းအောင်လှိုင် -😂🤣
#minaunghlan #ထိုင်းနိုင်ငံ #ချင်မိုင် #Myanmar #ခွေးleader”
ဒီအပြင် ဗွီဒီယိုအတိုတွေ မျှဝေတဲ့ လူမှုကွန်ယက်ပလက်ဖောင်းတခုဖြစ်တဲ့ reel မှာလည်း တူညီစွာမျှဝေနေ တာတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။
အချက်အလက်စိစစ်ချက်
ဗွီဒီယိုပါ မြင်ကွင်းတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဗွီဒီယိုဟာ ထိုင်းနိုင်ငံက တောင်ယာ လုပ်ကိုင်သူတွေ ချင်းမိုင်မြို့မှာ ဆန္ဒပြချတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။
အောက်ပါစခရင်ရှော့ကတော့ မတ် ၂၉ ရက်က မူလ တစ်တော့မှာ ထင်ထားတဲ့ ဗွီဒီယိုဖိုင်က ဖြစ်တယ်။ Google Translate အသုံးပြုပြီး မူလ ထိုင်းဘာသာစကားကနေ မြန်မာဘာသာသို့ ပြန်ဆိုကြည့်ရာမှာ “#မြို့တော်ခန်းမ #ချင်းမိုင်မြို့တော်ခန်းမ #ပြည်သူ့မြေယာလုပ်ပိုင်ခွင့် ဆန္ဒထုတ်ဖော် #MainoRodi💗 #hmoob #hmoobthialand🇹🇭🇹🇭🇹🇭🇹🇭 #တောတောင်နှင့်နေထိုင်သူများ”လို့ ရေးသားဖော်ပြထားတာတွေ့ရပါတယ်။
နောက်ထပ် အဓိကကျတဲ့ စကားလုံးတချို့ အသုံးပြုပြီး ထပ်မံရှာဖွေကြည့်ရာမှာ မတ် ၂၉ ရက်က ထိုင်းနိုင်င ံမြောက်ပိုင်း ချင်းမိုင်မြို့မှာ တောင်ယာလုပ်ကိုင်သူတွေဟာ ချင်းမိုင်အစိုးရရုံးရှေ့မှာ ဆန္ဒပြကြတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေလည်း ထိုင်းအခြေစိုက် သတင်းတွေမှာ ဖော်ပြပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။
မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ BIMSTEC အစည်းအဝေးတက်ဖို့ ဧပြီ ၃ ရက်မှာ ထွက်ခွာခဲ့တာဖြစ်ပြီး အင်္ကျီအနက်ဝတ်ဆင်တာအပါအဝင် သူ့ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတချို့နဲ့ လူတချို့က သူတည်းခိုတဲ့ နေရာကို သွားရောက်ဆန္ဒပြဖို့ ကြိုးစားတာကလွဲလို့ လူစုလူဝေးနဲ့ ဆန္ဒပြခဲ့တယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။
သုံးသပ်ချက်
မြန်မာစစ်ခေါင်းဆောင်ကို ထိုင်းလူမျိုးတွေက ဆန္ဒပြ မောင်းထုတ်ခဲ့ကြတယ်ဆိုတဲ့ ပြောဆိုချက်ဟာ မှားယွင်းပါတယ်။ ဗွီဒီယိုဟာ တကယ်တော့ ထိုင်းမြောက်ပိုင်းက တောင်ယာလုပ်ကိုင်သူတွေ ချင်းမိုင်မြို့က အစိုးရရုံးရှေ့မှာ တောင်ယာလုပ်ကိုင်သူတွေ သစ်တောဥပဒေနဲ့ပတ်သက်ပြီး ဆန္ဒပြနေတဲ့ မြင်ကွင်းဖြစ်တယ်။
ပြောဆိုချက်- မြန်မာစစ်ခေါင်းဆောင် ထိုင်းနိုင်ငံကို လာရောက်စဉ် ထိုင်းနိုင်ငံသားတွေက မောင်းထုတ်တဲ့ ဗွီဒီယို

Title:Fact Check: ဒီဗွီဒီယိုက ထိုင်းမှာ မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒပြနေတာလား-မဟုတ်ပါ
Fact Check By: နေရာမောင်Result: False