Fact Check: ရာခိုင်နှုန်းပေးစရာမလိုဘဲငွေသားထုတ်ပေးနေတယ်ဆိုတဲ့ KBZ Pay Service Myanmar အမည်နဲ့အယောင်ဆောင်စာမျက်နှာ

False လူမှုရေး

ရာခိုင်နှုန်းပေးစာရာမလိုဘဲငွေသားထုတ်ပေးတယ်၊ ကိုယ်စားလှယ်တွေခေါ်နေတယ်ဆိုပြီးတော့  KBZ Pay Service Myanmar အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ KBZ Pay အမည်အသုံးပြုပြီး လိမ်လည်ဖို့အတွက် ပြုလုပ်ထားတဲ့အတုအယောင်စာမျက်နှာတစ်ခုဖြစ်တာ တွေ့ရပါတယ်။

“လူကြီးမင်း ရဲ့ Acc ထဲကနေ ငွေထုတ်ချင်တဲ့ သူများ

( %  ရာခိုင်နှုန်း ) ပေးစရာမလို့ဘဲ ငွေထုတ်လို့ 

ရပါတယ် ရှင့် ထုတ်ချင်တဲ့ သူများ 

Page ရဲ့ CB မှာ ဆက်သွယ် မေးမြန်းနိုင်ပါတယ် ရှင့်”လို့ ရေးသားပြီး “KBZ PAY Service Myanmar” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

ထို့အပြင် “K Pay မှ ကိုယ့်စားလှယ် Agent Acc လျှောက်ချင်တဲ့သူများအား နွေးထွေးစွာ ကြိုဆိုပါတယ် ရှင့် ။ Agent Acc လျှောက်ချင်တဲ့သူများ Cb မှာအသေးစိတ် စုံစမ်းမေးမြန်း နိုင်ပါတယ် ရှင့်”လို့လည်းရေးသား မျှဝေထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဒီစာမျက်နှာကို ဝင်ရောက်ကြည့်ရှု့ရာမှာ အောက်တိုဘာ ၂၃ ရက်ကမှ စတင်ဖွင့်လှစ်ထားတဲ့ စာမျက်နှာတစ်ခုဖြစ်တာတွေ့ရပြီး like တစ်ခုနဲ့ follower ၄ ခုသာရှိတာပါတယ်။

ထို့အပြင် KPZPay ရဲ့တရားဝင်စာမျက်နှာက အောက်တိုဘာ ၁၁ ရက်က အောက်ပါအတိုင်းအသိပေးထားပါတယ်။ 

“Customer တွေရဲ့ ငွေကြေးများကို မသမာသူတွေက ဘယ်လိုနည်းမျိုးစုံသုံးပြီး လိမ်လည်နေကြသလဲ?

KBZPay ကနေ တရားဝင်အသုံးပြုခြင်းမရှိတဲ့ Social Media Channel တွေကနေ တစ်ဆင့်ဖြစ်စေ၊ သံသယရှိဖွယ်နံပါတ်တွေနဲ့ ဖုန်းဆက်ပြီး ဆက်သွယ်လာပြီး နည်းအမျိုးမျိုးနဲ့ လိမ်လည်ပြီး OTP နဲ့ PIN နံပါတ်တွေကို တောင်းခံကာ ငွေလိမ်လည်ထုတ်ယူတတ်ကြတာကြောင့် KBZPay အသုံးပြုသူ Customer တွေအနေနဲ့ မယုံကြဖို့နဲ့ OTP နဲ့ PIN နံပါတ်တွေကို မိမိကလွဲပြီး အခြားသူတွေကို ဝေမျှခြင်းမပြုကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။”လို့ ရေးသားပြီ မျှဝေထားပါတယ်။ KBZ Pay ရဲ့ blue tick ပါတဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ၊ Viber နဲ့ KBZPay App ထဲကနေသာ KPZPay ကို တရားဝင်ဆက်သွယ်နိုင်ပြီး ကျန်တာတွေက လိမ်ညာဖို့အတွက်သာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ KBZ Pay Service Myanmar အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ KBZPay နဲ့ သက်ဆိုင်ခြင်းမရှိဘူးဆိုတာတွေ့ရပါတယ်။ နာမည်ဆင်တူ ထင်ယောင်ထင်မှားစာမျက်နှာတွေဟာ ငွေကြေးလိမ်လည် အမြတ်ထုတ်ဖို့အတွက် ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: ရာခိုင်နှုန်းပေးစရာမလိုဘဲငွေသားထုတ်ပေးနေတယ်ဆိုတဲ့ KBZ Pay Service Myanmar အမည်နဲ့အယောင်ဆောင်စာမျက်နှာ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *