Fact Check: ‌ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲပြုလုပ်ဆိုပြီး သတင်းတုဖြန့်

False နိုင်ငံရေး | Politics

ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတု ပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့ အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

အောက်ပါစခရင်ရှော့တော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ ဓာတ်ပုံဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

 “နေပြည်တော် အချုပ်ထောင်ထဲမှာကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈)နှစ်ပြည့်မွေးနေ့ပွဲ မြင်ကွင်းများ”

မူရင်းလင်ခ့် – Youtube link  | Archive link

အချက်အလက်စိစစ်ချက်

ဒေါ်အောင်ဆန်း စုကြည်ရဲ့ မွေးနေ့လှုပ်ရှားမှု အဖြစ် သပိတ်အင်အားစုတွေက ပန်းပန်လေ့ရှိတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပုံရိပ်တစ်ခုကို ထုတ်နှုတ်ပြီး တစ်နိုင်လုံးအတိုင်းအတာနဲ့ ပန်းသပိတ်ဆင်နွှဲကျဖို့ လှုံဆော်ခဲ့ရာမှာ ဇူလိုင် ၁၉ ရက်က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပန်းသည်တွေကို အတင်းအကျပ် အရောင်း ပိတ်ခိုင်းတာ၊ ပန်းပန်တဲ့သူတွေကို ဖမ်းဆီးတာတွေလုပ်တဲ့အထိ စစ်တပ်က  တင်းကြပ်ခဲ့ပါတယ်။  (သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ ဒီအဖမ်းအဆီးသတင်းတွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာကြည့်ပါ။ )

နေပြည်တော်အကျဉ်းထောင်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက် မွေးနေ့ မြင်ကွင်းများဆိုတဲ့ အကြောင်းအရာကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုထဲမှာ စစ်အာဏာမသိမ်းခင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ  ဓာတ်ပုံတွေ နဲ့ မနေ့က(ဇူလိုင် ၁၉ ရက်က)အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲနဲ့  တော်လှန်ရေးအင်အားစုတွေက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆင်ယင်ကျင်းပမှုတွေသာဖြစ်တယ်။

မူရင်းလင်ခ့် – YKtnews | Archive link

ထို့အပြင် နေပြည်တော်အကျဉ်းထောင်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆီးချိုဝေဒနာခံစားနေရပေမဲ့ လုံလောက်တဲ့ ဆေးကုသခွင့်မရတဲ့အကြောင်း သတင်းမီဒီယာ လုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ သတင်းဌာနကဖော်ပါတယ်။ 

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲမှာ မွေးနေ့ပွဲပြုလုပ်ခွင့်ရဖွယ်မရှိပါဘူး။ အခုဗွီဒီယိုကိုလေ့လာကြည့်မယ်ဆိုရင် ဝင်ရောက်ကြည့်ရှု သူများအောင် အခုလို ‌ခေါင်းစဉ်တုတပ် လုပ်ကြံရေးသား ထားသလို ထောင်အတွင်းမှာကျင်းပခဲ့တဲ့ မွေးနေ့ပွဲအဖြစ် ဗွီဒီယိုအစမှာဖော်ပြခဲ့ပေမဲ့ ဒီအကြောင်း အရာ ဗွီဒီယိုထဲမှာမပါဝင်ပါဘူး။ 

ပြောဆိုချက်- ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲပြုလုပ်တဲ့မြင်ကွင်း

Avatar

Title:Fact Check: ‌ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲပြုလုပ်ဆိုပြီး သတင်းတုဖြန့်

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *