ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီ၊ ဆွေးနွေးဖို့လုပ်နေပြီဆိုတဲ့ ဗွီဒီယိုပို့စ်တွေ ယူကျူ့ အသုံးပြုတွေအကြား ပျံ့နှံ့မှုအားကောင်းရှိပြီး သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ တဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

“အမေစုကို ပွဲထုတ်လာပြီ

စစ်ရှုံးနေတဲ့ စစ်ကောင်စီ ဒေါ်စုနဲ့ ဆွေးနွေးဖို့ စီစဉ်နေ ၊

မအလ ဂျပု အရှုံးပေးနေပြီ”(မူရင်းအရေးအသား)

C:-Users-User-Downloads-Untitled.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မတွေ့ရပါဘူး။ အခုလိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည် ကူးပြီး လိုအပ်သလို ခေါင်းစဉ်တုတပ်ရေးသားကာ ပြန်လည်ဖြန့်ဝေနေတာတွေ့ရတယ်။

အခုလည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ မဇ္ဈမိသတင်းဌာနက မေ ၃၀ ရက်က ယူကျူ့မှာဖော်ပြခဲ့တဲ့ “ဒေါ်အောင်ဆန်းစုကြည်ကို ဓားစာခံလုပ်ထားတဲ့ စစ်ကောင်စီ”ဆိုတဲ့ သတင်းဆောင်းပါးကို ပြန်လည်မျှဝေ နေခြင်းဖြစ်တယ်။ မူလဖော်ပြချက်ကို ဗွီဒီယိုအပြည့်အစုံကို အောက်မှာကြည့်ပါ။ အာဏာသိမ်းစစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့သတင်းအားလုံးကိုအမှောင်ချထားပြီး နှစ်ရှည် ထောင်ဒဏ်တွေ ချထားပေမယ့် မိသားစုနဲ့တွေ့ခွင့်မပေးတာ ၊ ရှေ့နေတွေနဲ့ တွေ့ခွင့်မပေးတာတွေပါ ရှိနေတာကြောင့် ဓားစာခံလုပ်ပြီး ပြန်ပေးဆွဲထားသလို ​ဖြစ်နေတဲ့အကြောင်း ဆောင်းပါးမှာဖော်ပြထားတယ်။

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးမှုရှိတယ်ဆိုတဲ့သတင်းဖြစ်စေ အထောက်အထားမရှိပါဘူး။တကယ်တမ်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်ကတည်း လူမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့ပြီး သူဘယ်မှာရှိနေသလဲဆိုတဲ့ သတင်းအပါအဝင် သူနဲ့ပတ်သက်တဲ့ သတင်းအားလုံး အမှောင်ချခံထားရတယ်ဆိုတဲ့ မဇ္ဈိမသတင်းဌာနက မူလဖော်ပြချက်ကို ‌ခေါင်းစဉ်လွဲတပ်ထားတယ်။

ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီး စစ်တပ်နဲ့တွေ့ဆုံညှိနှိုင်းနေ

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီ၊ ဆွေးနွေးဖို့လုပ်နေပြီဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင်

Result: False