Fact Check: စစ်ခေါင်းဆောင် ၇ ဦး ICJ ဖမ်းဝရမ်းထုတ်တဲ့ သတင်းတု

False နိုင်ငံရေး | Politics

မြန်မာစစ်ခေါင်းဆောင် ၇ ဦးကို အပြည်ပြည်ဆိုင်ရာတရားရုံး(International Court of Justice-ICJ)က ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေကြား ဖြန့်ဝေနေတာဟာ သတင်းမှား သာဖြစ်တယ်။ 

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“စစ်ခေါင်းဆောင်(၇)ဦး ICJ ဝရမ်းထုတ်/ စစ်အုပ်စုနိဂုံးချုပ်ပြီ”

မူရင်းလင်ခ့် – Fb link | Archive link

တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ ထို့အပြင် ဗွီဒီယိုထဲမှာ “July 21 ICJ တရားရုံး အထူးအမိန့် စစ်‌ခေါင်းဆောင်(၇)ဦး ICJ ဖမ်းဝရမ်းထုတ် စစ်အုပ်စု နိဂုံးချုပ်ပြီ” စသည်ဖြင့်လည်း ရေးသားထားပါတယ်။

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခု ဗွီဒီယိုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ကူးယူပြီး ခေါင်းစဉ်တု၊ ခေါင်းစဉ်မှားတွေတပ်ပြီး ပြန်လည်ဖြန့်ဝေလေ့ရှိတယ်။ 

တတယ်တော့ အခုဗွီဒီယိုပါအကြောင်းအရာဟာ “စစ်ကောင်စီဝင် အောင်ကျော်မင်း၊ ပိုးရယ်အောင်သိန်း၊ ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ဝန်ကြီး မြင့်ကြိုင်၊ ပွင့်ဆန်းနှင့် သက်ခိုင်ဝင်းတို့ကို ဥရောပသမဂ္ဂက ပိတ်ဆို့ အရေးယူ”ဆိုတဲ့ သတင်းကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ အပြည့်အစုံကို ဒီလင့်ခ်မှာ ဖတ်ပါ။  ဒီသတင်းကို အခြားသော သတင်းဝက်ဘ်ဆိုဒ်တခုကလည်းဖော်ပြပါတယ်။  

ဗွီဒီယိုထဲပါနောက်ထပ် သတင်းတွေကတော့ ကချင်ပြည်နယ် ရွှေကူမြို့အနီးမှာ ကချင်လက်နက်ကိုင် KIA အဖွဲ့နဲ့ မြန်မာစစ်တပ် တိုက်ပွဲသတင်း၊ ပဲခူးတိုင်း ကျောက်တခါးမြို့နယ် ပြည်သူနေအိမ် ၂၀ ကျော် စစ်တပ်က မီးရှို့မှုသတင်း၊ ကျိုက်ထိုဒေသခံတဦး ဖမ်းဆီးခံရအပြီး ၁ ရက်အကြာမှာ အလောင်းလာထုတ်ဖို့ အကြောင်းကြား စတဲ့ သတင်းမီဒီယာအသီးသီးက သတင်းတွေကို ဖတ်ကြားနေခြင်းဖြစ်တယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့  ICJ မှာ မြန်မာနိုင်ငံကို တရားစွဲဆိုမှုဟာ လက်ရှိအချိန်အထိ ကြားနာ နေဆဲသာဖြစ်တယ်။ ICJ နဲ့ပတ်သက်တဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

စစ်တပ်ထိန်းချုပ်မှုအောက်မှာရှိတဲ့ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းနဲ့ စစ်တပ်ခန့် ဝန်ကြီး ၅ ဦးနဲ့ စစ်ထောက်ချုပ်ကို ဥရောပသမဂ္ဂက ပိတ်ဆို့ အရေးယူမှုသတင်းကို ICJ  က ဖမ်းဝမ်းထုတ်တယ်ဆိုပြီးတော့ ခေါင်းစဉ်တုထပ်ထား ခြင်းဖြစ်တယ်။ 

ပြောဆိုချက်- မြန်မာစစ်ခေါင်းဆောင် ၇ ဦးကို ICJ က ဖမ်းဝရမ်းထုတ်တယ်

Avatar

Title:Fact Check: စစ်ခေါင်းဆောင် ၇ ဦး ICJ ဖမ်းဝရမ်းထုတ်တဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *