
စစ်ခေါင်းဆောင်သေမယ့်ရက်ပြောလို့ အသက်ငယ်ငယ်နဲ့ တရားဟောတာကောင်းတယ်လို့ လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ ကိုယ်ရင်လေးကို ဖမ်းဝရမ်းထုတ်ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက ကြေညာတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။
အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ မတ် ၂၅ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၃သိန်းဝန်းကျင် ရှိထားပြီဖြစ် တယ်။ အလားတူ ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
“Channel P”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ သတင်း ခေါင်းစဉ်လွဲတပ်ပြီး သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ရေးသားဖြန့်ဝေလေ့ရှိပါတယ်။ ဒီချန်နယ်နဲ့ ပတ်သတ်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။
အခုလည်း ဗွီဒီယိုထဲမှာ အရှင်ဥတ္တမသာရဆိုတဲ့ ကိုရင်လေးကို စစ်တပ်ပိုင် မြဝတီသတင်းက ဖမ်းဝရမ်း ထုတ်တဲ့အကြောင်း ကြေညာခဲ့တယ်လို့ ဖော်ပြခဲ့ပေမဲ့ ဒီလိုကြေညာခဲ့တယ်ဆိုတဲ့ အထောက်အထား မတွေ့ရသလို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာလည်း ဖော်ပြချက်မရှိပါဘူး။ အိမ်းနီးချင်နိုင်ငံတွေအထိ တရားသွားဟောနေရ တဲ့အကြောင်း၊ တချို့ ဆရာတော်ကြီးတွေက ဒီလို ကိုရင်လင်းတရားဟောတာ မသင့်တော်တဲ့ အကြောင်းကို ဝေဖန်မှုတွေရှိတဲ့အကြောင်း စသည်ဖြင့် ဖော်ပြထားတယ်။
ဒီလိုပဲ လူမှုကွန်ယက်မှာ အသက်ငယ်ငယ်နဲ့ တရားဟောကောင်းတယ်လို့ နာမည်ကြီးနေတဲ့ ကိုယ်ရင်လေးနဲ့ ပတ်သတ်ပြီး စစ်ခေါင်းဆောင်သေမယ့်ရက်ဟောလို့ သေဒဏ်ပေးခံရတဲ့အကြောင်း ၂၀၂၃ ခုနှစ် အောက်တိုဘာကလည်း Cele Corner 1M ဆိုတဲ့ ယူကျူ့ချန်နယ်တခုက သတင်းတုဖြန့်ခဲ့ပါသေးတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်
စစ်ခေါင်းဆောင်သေမယ့်ရက်ပြောလို့ တရားဟောတာကောင်းတယ်လို့ နာမည်ကြီးနေတဲ့ ကိုယ်ရင်လေးကို ဖမ်းဝရမ်းထုတ်ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက ကြေညာတယ်ဆိုတာမဟုတ်ပါဘူး။ “Channel P” ဟာအခုလိုပဲ သတင်းတုသတင်းမှားတွေကို ဖော်ပြလေ့ရှိတဲ့ ယူကျူ့ချန်နယ်တခုဖြစ်တယ်။
ပြောဆိုချက်- စစ်ခေါင်းဆောင်သေမယ့်ရက်ပြောလို့ ကိုရင်လေး အရှင်ဥတ္တမသာရ ကို ဖမ်းဝရမ်းထုတ်

Title:Fact Check: စစ်ခေါင်းဆောင်သေမယ့်ရက်ပြောလို့ ကိုရင်လေး ဖမ်းဝရမ်းထုတ်ဆိုတဲ့ သတင်းတု
Fact Check By: Zun ZeeResult: False