Fact Check: ဗိုလ်နဂါးကိုအသေဖမ်းလိုက်ကြောင်း MRTV ကြေညာဆိုတဲ့ သတင်းတု သတင်းမှား

False နိုင်ငံရေး | Politics

 ဗိုလ်နဂါးကိုအသေဖမ်းလိုက်ကြောင်း MRTV ကြေညာတယ်လို့ရေးသားထာတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြု သူတွေအကြား ကြိမ်ဖန်များစွာပျံ့နှံ့လျှက်ရှိပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။

“ဗိုလ်နဂါးကိုအသေဖမ်းလိုက်ကြောင်း MRTV (ရုပ် / သံ) နှင့်တကွ ကြေညာ”စသည်ဖြင့် ရေးသားပြီး “Derbone” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

“ဗိုလ်နဂါးကိုအသေဖမ်းလိုက်ကြောင်း MRTV (ရုပ် / သံ) နှင့်တကွ ကြေညာ”စသည်ဖြင့် ရေးသားပေမဲ့ ဓာတ်ပုံထဲမှာပါတဲ့ အမျိုးသမီးသတင်းတင်ဆက်သူဟာ စစ်တပ်ပိုင်မြဝတီသတင်းဌာနရဲ့ MWD Variety ရုပ်သံလိုင်းဖြစ်နေတာတွေ့ရပါတယ်။ 

ထို့အပြင် ဒီသတင်းမှားဟာ လူတွေစိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်တွေနဲ့ သတင်းတုသတင်းမှာဖြန့်ချိပြီး ဝင်ငွေရှာနေတဲ့ဝက်ဘ်ဆိုဒ်တွေကမျှဝေတဲ့အကြောင်းအရာဖြစ်တာတွေ့ရပါတယ်။

 မျှဝေထားတဲ့ လင့်ခ်တွေကိုဖွင့်ကြည့်မယ်ဆိုရင် ယူကျူ့(youtube)ဗွီဒီယိုတစ်ခုစီဦးတည်သွားတာ တွေ့ရပြီး ရုပ်သံထဲမှာ “မမများနဲ့ပွဲကမယ်”အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ စစ်ကိုင်းအတွက် ရံပုံငွေ ကျပ် သိန်း ၃၀၀၀၀ ရှာဖွေမယ့်အစီအစဉ်အကြောင်းပြောပြနေတာဖြစ်ပါတယ်။

အသေဖမ်းဆီးရမိတယ်ဆိုတဲ့ ဓာတ်ပုံထဲမှာပါတဲ့အမျိုးသားဟာ ပုလဲမြို့နယ်က စစ်အာဏာရှင်တော် လှန်ရေးလက်နက်ကိုင်ခေါင်းဆောင် ဗိုလ်နဂါးဖြစ်တာတွေ့ရပါတယ်။ သူရဲ့ဖေ့စ်ဘွတ်အကောင့်ကို ဒီလင့်ခ်မှာတွေ့နိုင်ပါတယ်။

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ အခြားသောလွတ်လပ်တဲ့သတင်းဌာနတွေမှာတော့ ဗိုလ်နဂါးကျဆုံးတဲ့ သတင်းဖော်ပြချက်မျိုးမတွေ့ရပါဘူး။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဗိုလ်နဂါးကိုအသေဖမ်းဆီးရမိလို့ MRTV ကြေညာဆိုတဲ့ သတင်းဟာ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။

Avatar

Title:Fact Check: ဗိုလ်နဂါးကိုအသေဖမ်းလိုက်ကြောင်း MRTV ကြေညာဆိုတဲ့ သတင်းတု သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *