Fact Check: မင်းအောင်လှိုင်ကို ပယ်ချပြီး NUG ကို ပူတင်ကအသိအမှတ်ပြုလိုက် တယ်ဆိုတဲ့ သတင်းတု

Partly False နိုင်ငံရေး | Politics

ဒီဇင်ဘာ ၂ ရက်နေ့မှာ ရုရှားနိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီကို သံတမန်အဆက်အသွယ်ဖြတ်ပြီး အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG)ကိုအသိအမှတ်ပြုလိုက်တယ်ဆိုတဲ့  ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ထင်ယောင်ထင်မှားဖြစ်ဖွယ်သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။

“ပူတင်က မင်းအောင်လှိုင်ကို ပယ်ချလိုက်ကြောင်း ကြေညာ”လို့ ရေးသားပြီး “Always” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံစာသားထဲမှာလည်း “ဒီဇင်ဘာ ၂ ရက် ရုရှားက သံတမန် ရေးရာ ပိတ်သိမ်း NUG ကို တရားဝင်အစိုးရဟု ရုရှားမီဒီယာများဖော်ပြ စစ်ကောင်စီက ကန့်ကွက်စာ ချက်ချင်းပို့”စသည်ဖြင့်ရေးသားထားပါတယ်။

မူရင်းလင်ခ့် – FB link |  Archive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကိုဖြန့်ဝေရာမှာ ပူတင်က မင်းအောင်လှိုင်ကို ပယ်ချပြီး NUG နဲ့ဆက်ဆံတယ်၊ ဗွီဒီယိုအစမှာ ရုရှားက သံတမန် ရေးရာ ပိတ်သိမ်းလိုက်တယ်၊ဒီအကြောင်းအရာကို ရုရှားမီဒီယာများဖော်ပြတယ်လို့ ရေးသားထားပြီး စစ်ကောင်စီက ကန့်ကွက်စာ ချက်ချင်းပို့တယ်စသည်ဖြင့်ရေးသားထားပါတယ်။ သို့သော် ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာ တွေမပါဝင်ပါဘူး။ ဗွီဒီယိုဟာ တော်လှန်ရေးကိုထောက်ခံတဲ့ ဘုန်းကြီးတစ်ပါးရဲ့ live ဗွီဒီယိုတစ်ခုသာဖြစ်ပြီး ကျူးကျော်အဖြစ် သတ်မှတ်ပြီး အိမ်ကိုဖျက်ဆီးရတဲ့နောက် မင်္ဂလာဒုံမြို့နယ်က စစ်တပ်ထောက်ခံသူ စိမ်းမို့မို့ဆိုတဲ့အမျိုးသမီးရဲ့ သံဝေဂအကြောင်းကို အဓိကပြောပြနေခြင်းဖြစ်ပါတယ်။

ထို့အပြင် ရုရှားနိုင်ငံက NUG ကို အသိအမှတ်ပြုလိုက်တယ်ဆိုတဲ့ အထောက်အထားမျိုးလည်းမတွေ့ရပါဘူး။ စစ်တပ်ခန့်နိုင်ငံခြားရေးဝန်ကြီးဌာနက ရုရှားနိုင်ငံကို ကန့်ကွက်ကြောင်းဖော်ပြချက်လည်းမတွေ့ရပါဘူး။ ဒီလင့်ခ်မှာ ကြည့်ပါ။ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးစာမျက်နှာမှာလည်း NUG ကိုထောက်ခံတဲ့ရေးသားပြော ဆိုချက်တစ်စုံတစ်ရာမတွေ့ရပါဘူး။

သုံးသပ်ချက်

အွန်လိုင်းမှာပျံ့နှံ့ခဲ့ပြီးအကြောင်းအရာတွေကို လူတွေစိတ်ဝင်စားသတင်းခေါင်းစဉ်တု၊အကြောင်းအရာတုတွေ ပေးပြီး ဖေ့စ်ဘွတ်နဲ့ youtube မှာဝင်ရောက်ကြည့်ရှု့မှုပေါ်မူတည်ပြီး ကြော်ငြာထိုးခနဲ့ ဝင်ငွေရှာတဲ့ဘလော့ဂ် စာမျက်နှာတွေရဲ့ ဖော်ပြချက်သာဖြစ်ပါတယ်။ ယုံကြည်ရလောက်တဲ့သတင်းဌာနတွေမှာဖော်ပြချက်မရှိသလို Fact Crescendo Myanmar အနေနဲ့လည်းမတွေ့ရပါဘူး။

Avatar

Title:Fact Check: မင်းအောင်လှိုင်ကို ပယ်ချပြီး NUG ကို ပူတင်ကအသိအမှတ်ပြုလိုက် တယ်ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: Partly False


Leave a Reply

Your email address will not be published. Required fields are marked *