Fact Check: လိုင်မဲ့ကားတွေကို လိုင်စင်ပေးဖို့ စစ်ကောင်စီကြေညာတဲ့ သတင်းတု

စီးပွား‌ရေး

လိုင်မဲ့ကားတွေကို လိုင်စင်ပေးဖို့ စစ်ကောင်စီကြေညာတဲ့ သတင်းတုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နှစ် ၂၀ အပ်ကားဖြုတ်သိမ်းဖို့ရှိတာကြောင့် ဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ကား တွေကို လိုင်စင်ချထားပေးဖို့ လျာထားချက်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီမှာ စတင်အကောင် အထည်ဖော်မယ့်အစား ယခုနှစ်မကုန်ခင်အကောင်အထည်ဖော်ဖို့ဆိုပြီးတော့ ဖြန့်ဝေနေတဲ့ ရုံးစာပုံစံဓာတ်ပုံစာသားထဲမှာ ရေးသား ထားပါတယ်။

အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

သတင်းတုအဖြစ် သိသာစေနိုင်တဲ့အချက်အလက်တွေ အခုလို စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ကြေညာချက်အဖြစ်ဖော်ပြထားတဲ့ ဓာတ်ပုံပို့စ်မှာ ရုံးစာတွေမှာ သုံးလေ့ရှိတဲ့ အသုံးအနှုန်း မျိုးမဟုတ်တဲ့ “ဖြုတ်သိမ်း”၊ “ရာထား”စတဲ့ အသုံးအနှုန်းအချို့ကို Fact Crescendo Myanmar က သတိပြုမိပါတယ်။ 

ထို့အတူ စစ်ကောင်စီဟာ နှစ်တနှစ်အတွင်းအမိန့်စာတွေနဲ့ ထုတ်ပြန်ချက်တွေကို စာအမှတ်တပ် ထုတ်ပြန်လေ့ရှိခဲ့ရာမှာ စာအမှတ် ၆၃/၂၀၂၃ ဟာ  ၂၀၂၃ ခုနစ် ဩဂုတ် ၃ ရက်က အခြေခံဥပဒေခုံရုံးဥက္ကဌ ခန့်အပ်တာဝန်ပေးအပ်မှုဖြစ်ပြီး ကားသတင်းနဲ့ ပတ်သက်တဲ့ ကြေညာချက်မဟုတ်ပါဘူး။ ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

အထက်ပါအချက်အလက် ကားဈေးနှုန်းမြင့်တက်နေချိန်မှာ အမိန်စာအတုပြုလုပ်ပြီး ကောလာဟလဖြန့်ဝေ နေခြင်းဖြစ်တယ်။ ဓာတ်ပုံပို့စ်ဟာ စစ်ကောင်စီဘက် တရားဝင်ထုတ်ပြန်ချက်မဟုတ်သလို  ဒီလိုထုတ်ပြန်ခဲ့ တယ်ဆိုတဲ့ အထောက်အထားလည်း မရှိပါဘူး။

Avatar

Title:Fact Check: လိုင်မဲ့ကားတွေကို လိုင်စင်ပေးဖို့ စစ်ကောင်စီကြေညာတဲ့ သတင်းတု

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *