Fact Check: ဦးဝိရသူကို သာသနာရေးဝန်ကြီးခန့်အပ်တယ်ဆိုတဲ့ သတင်းမှား

လူမှုရေး

စစ်ကောင်စီကို ထောက်ခံတဲ့ ဦးဝိရသူကို သာသနာရေးဝန်ကြီး ခန့်အပ် ဆိုတဲ့ ဗွီဒီယိုဖိုင်တခုဟာ ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ သတင်းမှားဖြစ်ပါတယ်။

ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “သာသနာ ပျက်တုန်းပြီ၊ ဦးဝိရသူကို သာသနာရေး ဝန်ကြီး ခန့်အပ် “လို့ စသည်ဖြင့် ရေးသားထားပါတယ်။ “Dave Poahas”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုတွေကို  ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

၁၀ မိနစ်ဝန်းကျင် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ထဲမှာ ဦးဝိရသူကို သာသနာရေးဝန်ကြီး ခန့်အပ်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ 

အမှန်တကယ်က အသံဖိုင်ထဲမှာ ဧရာဝတီ မြန်မာပိုင်း သတင်းဌာနက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့က ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် ဥသြ ၏“စစ်တပ်ရဲ့ တရားဝင်မှုနဲ့ အမျိုး ဘာသာ သာသနာ”ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ပြန်လည်ဖတ်ကြား နေတာ ဖြစ်ပါတယ်။

ဆောင်းပါးထဲမှာ မြန်မာစစ်တပ်ဟာ အမျိုးသာဘာ၊ သာသနာကို ဒေါက်တိုက်အဖြစ်ယူပြီး တိုင်းပြည်ကို အုပ်စိုးဖို့၊ တိုင်းပြည်ကို ကယ်တင်ရှင်အဖြစ် လူထုအကြား ဆက်ဆံ‌ရေးတည်ဆောက်ရင် နိုင်ငံရေးမှာ လက်ဝါးကြီး အုပ်နိုင်တဲ့ နိုင်ငံရေးအယူအဆကို ဖန်းတီးပုံဖော်နေကြောင်းနဲ့ အခြားသူတွေကို အထူးသဖြင့် NLD ကို ဘာသာဖျက်ဆီးသူအဖြစ်ပုံဖော်လေ့ရှိပြီး၊ ထေရဝါဒ သာသနာမှာ သြဇာကြီးမားတဲ့ ဘုန်းတော်ကြီးများကို ချဉ်းကပ်တာ၊ မဘသနှင့် ဝိုင်အမ်ဘီအေလို လက်ယာယိမ်း အမျိုးသားရေးဝါဒီများကို အသုံးပြုတာတွေနဲ့ ပြည်သူအကြား လွှမ်းမိုးမှုရအောင် ကြိုးစားနေပြီး သရုပ်ဆောင်၊ မော်ဒယ် သင်ဇာဝင့်ကျော်၊ နန်းမွှေ့စံတို့ကို ဖမ်းဆီးတာဟာ စစ်တပ်ရဲ့ အမျိုးသားရေးဝါဒီနဲ့ ဆက်စပ်နေကြောင်း၊ အရင်လို ဘာသာရေးအကြောင်းပြု ပဋိပက္ခလှုံ့ဆော်မှုများလုပ်ဆောင်လာနိုင်ကြောင်းစသည်ဖြင့်ရေးသာထားတာဖြစ်ပါတယ်။သတင်းဆောင်းပါး အပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဖတ်ကြည့်နိုင်ပါတယ်။

မူရင်းလင်ခ့် – Irrawaddy BurmeseArchive link 

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ ဗွီဒီယိုဖိုင်ပါအကြောင်းအရာဟာ  ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ရက်က ဖော်ပြခဲ့တဲ့  ဧရာဝတီ မြန်မာပိုင်း သတင်းဌာနက ဖော်ပြခဲ့တဲ့ ဆောင်းပါးကို ပြန်လည်မျှဝေနေခြင်းဖြစ်ပါတယ်။ ဒီလိုဖြန့်ဝေရာမှာ ဦးဝိရသူကို သာသနာရေးဝန်ကြီး ခန့်အပ်တယ်ဆိုတဲ့ စိတ်ဝင်စားဖွယ်သတင်းခေါင်းစဉ်တုနဲ့အသုံးပြုမျှဝေနေခြင်းဖြစ်ပါတယ်။ ပြောဆိုချက်- ဦးဝိရသူကို သာသနာရေးဝန်ကြီး ခန့်အပ်

Avatar

Title:Fact Check: ဦးဝိရသူကို သာသနာရေးဝန်ကြီးခန့်အပ်တယ်ဆိုတဲ့ သတင်းမှား

Fact Check By: Zun Zee 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *