Fact Check: သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကုလသမဂ္ဂက မဲခွဲဆုံးဖြတ်တဲ့ သတင်းတု

Misleading နိုင်ငံရေး၊

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကုလသမဂ္ဂက တိုက်ရိုက်မဲခွဲဆုံးဖြတ်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့မှာ ဖြန့်ဝေနေတာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတာ တွေ့ ရပါတယ်။ သတင်းမှား ဖြစ်တယ်။ 

အောက်ပါစခရင်ရှော့နဲ့ စာသားက‌တော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ချန်နယ်တခုက ရယူထားခြင်းဖြစ်တယ်။

မူရင်းလင့်ခ် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကုလသမဂ္ဂက တိုက်ရိုက်မဲခွဲဆုံးဖြတ် တယ် ဆိုတဲ့ အကြောင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ‌ ဖော်ပြချက်မရှိပါဘူး။ “Local Times”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို အခုလိုပဲ နားလည်မှုလွဲစေနိုင်တဲ့ သတင်း‌ခေါင်းစဉ်တုတပ် ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။

တကယ်တော့ ဗွီဒီယိုထဲပါအကြောင်းအရာမှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ လွတ်လပ်တဲ့အာရှအသံ(မြန်မာပိုင်း)အစီအစဉ်တင်ဆက်သူ ဦးခင်မောင်ဆွေတို့ရဲ့ အွန်လိုင်းက တွေ့ဆုံမေးမြန်းခန်းအစီအစဉ်ဖြစ်တာတွေ့ရပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်စွဲနဲ့ “လွတ်လပ်တဲ့အာရှအသံ” ရဲ့ ယူကျူ့ချန်နယ်မှာ  ဖော်ပြထားတဲ့ ဗွီဒီယိုလည်းဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်းမှာ တော်လှန်ရေးနဲ့ပတ်သတ်ပြီး ထူးခြားတဲ့တိုးတက်မှုတွေ မြင်တွေ့လာနိုင်မယ့်အကြောင်းနဲ့ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာကို လှည့်စားဖို့ ထုတ်သုံးလာနိုင်တဲ့အကြောင်း၊ ဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ထားတာမျိုး ပြန်လုပ်လာနိုင်တဲ့အကြောင်းစတဲ့အကြောင်းတွေ ဆွေးနွေးနေတာဖြစ်တယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF )တွေဟာ အကြမ်းဖက်အဖွဲ့အစည်းတွေမဟုတ်ဘဲ အကြမ်းဖက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေကို ခုခံကာကွယ်ဖို့ ဥပဒေဘောင်အတွင်းက တရားဝင်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အငြင်းပွားမှာ မဟုတ်ကြောင်းနဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဝင်ဖို့ စီစဉ်နေတဲ့ နိုင်ငံရေးသမားတွေဟာ စိတ်ကူးယဉ်နေကြသူတွေသာဖြစ်ကြောင်း စသည်ဖြင့် ဒေါ်ဇင်မာအောင်က ပြောကြားနောဖြစ်တယ်။

မူရင်း ဗွိဒီယိုကို အောက်ပါလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

— အထောက်အထား ရှာမတွေ့ပါဘူး။

Avatar

Title:Fact Check: သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကုလသမဂ္ဂက မဲခွဲဆုံးဖြတ်တဲ့ သတင်းတု 

Written By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *