Fact Check: ပဟဠိဖြေဆိုနိုင်သူတွေကို ကိုကာကိုလာက ကားသစ် ၂ စီးပေးနေတယ် ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာအတု

False လူမှုရေး

ပဟဠိဖြေဆိုနိုင်သူတွေကို ကားသစ် ၂ စီးပေးနေတယ်ဆိုပြီး ပို့စ်တခုမျှဝေလာတဲ့ ကိုကာကိုလာအမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နာမည်ကြီး ကိုကာကိုလာ အချိုရည်ကုမ္ပဏီအမှတ်တံဆိပ်အသုံးပြုပြီး ထင်ယောင်ထင်မှားဖြစ်ဖွယ် စာမျက်နှာတု ဖန်တီးထားခြင်းဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ဖြစ်တယ်။ 

 “ယနေ့အထိ၊ 69 မှလွဲ၍ အခြားနံပါတ်တစ်ခုကိုမျှမတွေ့ရသေးပါ။ အနိုင်ရသူမရှိသေးပါ။ 2 Toyota Fortuner သည် လက်လှမ်းမီဆဲဖြစ်သည်။”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ကိုကာကိုလာကုမ္ပဏီရဲ့ တရားဝင်စာမျက်နှာကို ဒီမှာကြည့်ပါ။ အခုလိုမျိုး ကြော်ငြာ တစုံတရာမရှိပါဘူး။ အခု ဒီစာမျက်နှာအတုကို လေ့လာကြည့်ရာမှာ ကိုကာကိုလာရဲ့ အမှတ်တံဆိပ်ကို အသုံးပြုပြီး ကိုကာကိုလာကုမ္ပဏီနဲ့ သက်ဆိုင်သယောင်အတုအပပြုလုပ်ထားတဲ့ စာမျက်နှာသာဖြစ်တယ်။ စာမျက်နှာဟာ ဩဂုတ် ၁၄ ရက်ကမှ စတင်ပြုလုပ်ခဲ့တဲ့ စာမျက်နှာဖြစ်ပြီး အခုလိုဂဏန်းပ‌ဟေဠိဖြေဆိုနိုင်ရုံနဲ့  တိုယိုတာကားပေးနေတဲ့အကြောင်း မ‌ရေးသားမီအထိ မည်သည့်အကြောင်းအရာမျှ ရေးသားခဲ့တာမရှိပါဘူး။ 

ပို့စ်ရဲ့အောက်ခြေက မှတ်ချက်နေရာမှာ ဆုလက်ခံရရှိဖို့အတွက် ဝင်ရောက်ရန်နေရာဆိုပြီးတော့ ဘလော့ဂ် ပို့စ်တခုဆီကို ထပ်မံခေါ်ဆောင်သွားတာတွေ့ရပါတယ်။

ဒီစာမျက်နှာကိုရောက်သွားမယ်ဆိုရင်တော့ နောက်ထပ် USA၊ MYANMAR၊ THAILAND ဆိုပြီးတော့ ထပ်မံနှိပ်စရာ လင့်ခ်အချို့လည်းရှိလာပြီး ဒီလင့်ခ်ကိုနှိပ်ကြည့်ရာမှာတော့ အခြားသော ရည်ရွယ်ထားတဲ့ လင့်ခ်တခုဆီကို ရောက်သွားတာကလွဲလို့ အချက်အလက်တစုံတရာ ဖြည့်ခိုင်းတာမျိုးတော့ မတွေ့ရပါတယ်။ 

အခုလိုပဲ ကိုကာကိုလာက ရေခဲသေတ္တာတွေပေးနေပြီဆိုပြီးတော့ ကိုကာကိုလာအမည်ခံစာမျက်နှာတု တခုကိုလည်း Fact Crescendo Myanmar က အချက်အလက်စိစစ်ခဲ့ပါသေးတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။ ဒီလိုပဲ ဆမ်ဆောင်းကုမ္ပဏီနဲ့ တိုယိုတာကုမ္ပဏီတွေက ပဟေဠိဖြေနိုင်သူတွေကို ကားအသစ်တွေ လက်ဆောင်ပေးနေ တယ်ဆိုပြီးတော့လည်း သတင်းတုဖြန့်ဝေခဲ့ပါသေးတယ်။ အချက်အလက်စိစစ်ချက်ကို ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

အခုလိုမျိုးနာမည်ကြီး အမှတ်တံဆိပ်တခုခုကို အသုံးပြုပြီး လူမှုကွန်ယက်အသုံးပြုသူတွေကို ထင်ယောင်ထင်မှား ဖြစ်ဖွယ်ပြုလုပ်ပြီး လင့်ခ်အချို့ကို နှိပ်ခိုင်းပြီး အချက်အလက်အချို့ကို ခိုးယူတာမျိုးလုပ်ဆောင်တတ်သလို မိမိရဲ့ ကိုယ်အချက်အလက် အချို့ကို ဖြည့်စွက်ခိုင်းပြီး နောင်တချိန်မှာ ပြန်လည်အသုံးပြုတာမျိုးတွေရှိတာ လည်းတွေ့ ရပါတယ်။ ကိုကာကိုလာ ကုမ္ပဏီက ပဟေဠိဖြေဆိုနိုင်သူတွေကို ကားလက်ဆောင်ပေးနေတယ်ဆိုတာ မဟုတ်ပါဘူး။

ပြောဆိုချက်- ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို ကိုကာကိုလာက ကားသစ် ၂ စီးပေးနေတယ်

Avatar

Title:Fact Check: ပဟဠိဖြေဆိုနိုင်သူတွေကို ကိုကာကိုလာက ကားသစ် ၂ စီးပေးနေတယ် ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာအတု

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *