
မြန်မာထူးချွန်ကျောင်းသားတစ်ဦး တီထွင်ထားတဲ့ Gluco Pro က ဆီးချိုကုသရေးမှာအလှည့်အပြောင်းဖြစ်ခဲ့တဲ့ အောင်မြင်မှုကြီးဖြစ်ပြီး အသက်သန်းပေါင်းများစွာကယ်ဆယ်ခဲ့တယ်ဆိုတဲ့ ဘလော့ဂ်ပို့စ်ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။ Gluco Pro ဟာ ဆီးချိုကုနိုင်တယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။ တီထွင်သူ မြန်မာကျောင်းသားဆိုသူရဲ့ ဓာတ်ပုံဟာလည်းအတုအယောင်သာဖြစ်ပါတယ်။
မြန်မာကျောင်းသား Fandi Kurniawan ရဲ့ Gluco Pro ဆိုတဲ့ထုတ်ကုန်ဟာ ၂၀၁၉ ခုနှစ်က European Congress of Endocrinology Expert မှာအကြီးအကျယ်အံ့ဩတုန်လှုပ်ခဲ့တဲ့အပြောင်းအလဲဖြစ်ခဲ့ပြီး ဆီးချိုသမားတွေ အတွက် ဆေးဝါးတွေမလိုတော့တဲ့ အထိရလာဒ်ကောင်းမွန်တာကြောင့် ဆေးဆိုင်တွေက အခြားဆေးတွေ မရောင်းရမှာ စိုးလို့ ဒီထုတ်ကုန်ကို မတင်ကြဘူးလို့လည်း ဒီဘလော့ဂ်ပို့စ်မှာဖော်ပြပါတယ်။
အောက်ပါ screenshot ဓာတ်ပုံကတော့ ဘလော့ဂ်ပို့စ်တစ်ခုမှာတွေ့ရတဲ့ မြန်မာကျောင်းသားဆိုသူရဲ့ ဓာတ်ပုံနဲ့ ပြောဆိုချက်ဖြစ်ပါတယ်။

မူရင်းလင်ခ့် – Web link | Archive link
ထို့အပြင် ဒီတီထွင်မှုလုပ်ငန်းစဉ်ကို endocrinology နယ်ပယ်မှာပါရဂူဖြစ်တဲ့ Endocrinology အကြီးတန်း အထူးကုဒေါက်တာ Yunita Novianti မှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့လည်းဆိုပါတယ်။

အချက်အလက်စိစစ်ချက်
ဆီးချိုဟာ အစားအသောက်နဲ့ နေထိုင်မှုပုံစံအပြောင်းအလဲ၊ မျိုးရိုးကြောင့်ဆီးချိုဖြစ်တတ်ပြီး ဆီချိုရောဂါဟာ ဖြစ်လာပြီဆိုရင် သက်သာအောင်သာလုပ်နိုင်ပြီး ပျောက်ကင်းအောင်ကုသနိုင်ခြင်းမရှိပါဘူး။ ဒီလင့်ခ်မှာကြည့်ပါ။ Gluco Pro ဟာ ဆီးချိုကုသနိုင်တယ်ဆိုတဲ့အထောက်အထားလည်းမရှိပါဘူး။ ဒီလိုဆီးချိုပျောက်တယ်လို့ အံမခန်းကြော်ငြာထားတဲ့ ဆေးဝါးကြော်ငြာပို့စ်မှာအသုံးပြုထားတဲ့ ဒီဆေးဝါးကို တီထွင်သူလို့ဆိုတဲ့ဓာတ်ပုံ တွေဟာလည်း အင်တာနက်မှာ ပျံ့နှံခဲ့ပြီးဖြစ်တဲ့ မသက်ဆိုင်တဲ့ အတုအယောင်တွေသာဖြစ်တာတွေ့ရပါတယ်။ Fact Crescendo Myanmar ကအချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာတွေ့နိုင်ပါတယ်။
အခု ဘလော့ဂ်ပို့စ်ပါ အကြောင်းအရာကိုထပ်မံဆန်းစစ်ကြည့်ရအောင်ပါ။
ပထမဓာတ်ပုံ
၂၀၁၉ ခုနှစ်က European Congress of Endocrinology Expert မှာအကြီးအကျယ်အံ့ဩတုန်လှုပ်ခဲ့တဲ့အပြောင်း အလဲဖြစ်ခဲ့တဲ့ ဆီးချိုသမားတွေရဲ့ကျေးဇူးရှင်အဖြစ်ဖော်ကျူးထားတဲ့ မြန်မာကျောင်းသား Fandi Kurniawan ဓာတ်ပုံကိုကြည့်ရအောင်ပါ။ Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံကို ပြီးခဲ့တဲ့နှစ်တွေအတွင်း အခုလိုဝက်ဘ်ဆိုဒ်က ကြော်ငြာရောင်းချတဲ့ ifocus ဆိုတဲ့ မျက်စိအားဆေးပုံတစ်ခုမှာ တွေ့ရပါတယ်။ တူညီတဲ့ ဓာတ်ပုံကိုပဲ မျက်စိခွဲစရာမလိုဘဲ မျက်လုံးပြန်မြင်စေတဲ့ ifocus ဆေးတီထွင်သူ ဖိလစ်ပိုင်ထူးချွန်ကျောင်းသား လို့ဖော်ပြသလို အင်ဒိုနီးရှားထူးချွန်ကျောင်းသားဆိုပြီးတော့ နာမည်အမျိုးမျိုးနဲ့ ယင်းဝက်ဘ်ဆိုဒ်တွေမှာ ဖော်ပြခဲ့ကြပါတယ်။ (ဒီလင့်ခ်၊ ဒီလင့်ခ်တွေမှာကြည့်ပါ)
ဒီအချက်အလက်တွေကိုကြည့်ခြင်းအားဖြင့် ဓာတ်ပုံထဲက ပုဂ္ဂိလ်ဟာ မြန်မာနိုင်ငံက ထူးချွန်းကျောင်းသားဆိုတာ စစ်မှန်မှုကင်းမဲ့တာတွေ့ရပါတယ်။

ဒုတိယဓာတ်ပုံ
ဒီတီထွင်မှုလုပ်ငန်းစဉ်ကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့တဲ့ endocrinology နယ်ပယ်မှာပါရဂူဖြစ်တဲ့ Endocrinology အကြီးတန်း အထူးကု ဒေါက်တာ Yunita Novianti ဆိုတဲ့ဓာတ်ပုံကိုလည်းကြည့်ရအောင်ပါ။ ဒီဓာတ်ပုံဟာ မကာအိုတက္ကသိုလ်က ပါမောက္ခ ချန်ရှင်(Chen Xin)ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်က ထုတ်ပြန်ချက်မှာ ဒီဓာတ်ပုံကိုအသုံးပြုထားတာတွေ့ရပါတယ်။ ထုတ်ပြန်ချက်ခေါင်းစဉ်မှာ “UM၊ US National Institutes of Health သည်ကင်ဆာနှင့် autoimmune ရောဂါများအတွက် ပိုမိုကောင်းမွန်သော ကုသရေးဆိုင်ရာ သုတေသနပြုမှုတွင် တိုးတက်မှုရရှိ”ဆိုတဲ့ခေါင်းစဉ်နဲ့ထုတ်ပြန်ချက်မှာဖြစ်ပါတယ်။

မူရင်းလင်ခ့် – University of Macau | Archive link
Gluco Pro တည်ထွင်မှုကိုကြီးကြပ်ခဲ့တဲ့ အကြီးတန်းအထူးကု ဒေါက်တာ Yunita Novianti ဆိုတဲ့ဓာတ်ပုံနဲ့ မကာအိုတက္ကသိုလ်က ပါမောက္ခ ချန်ရှင်(Chen Xin)ရဲ့ ဓာတ်ပုံကိုအောက်ပါအတိုင်းနှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
ဆီးချိုရောဂါဟာ ကုသပျောက်ကင်းတယ်ဆိုတဲ့အထောက်အထားမရှိပါဘူး။ ထို့အတူ Gluco Pro ဟာလည်း ဆီးချိုကိုကုသနိုင်တဲ့အထောက်အထားမရှိပါဘူး။ ထို့အပြင် ဒီလိုဆီးချိုပျောက်ကင်းတယ်လို့ကြော်ငြာနေတဲ့ Gluco Pro ဟာ အတုအယောင်ဖန်တီးရေးသားချက်အသုံးပြုပြီး အရောင်းကြော်ငြာနေတာတွေ့ရပါတယ်။

Title:Fact Check: မြန်မာကျောင်းသားတီထွင်တဲ့ Gluco Pro ဆီးချိုကုသနိုင်တယ်လို့ဆိုတဲ့ သတင်းတုသတင်းမှား
Fact Check By: နေရာမောင်Result: False