Fact Check: အရှေ့ဒဂုံမြို့နယ်မှာ အိုမီခရွန်ပိုးသစ်တွေ့တယ်ဆိုတာ မဟုတ်ပါ

Missing Context ကျန်းမာရေး၊ | Health

 အိုမီခရွန်(Omicron)ပိုးသစ် သံသယရှိသူတစ်ဦး ဒဂုံအရှေ့မြို့မှာ ပထမဦးဆုံးစတင်တွေ့ရှိလို့ရေးသားထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့လျက်ရှိပါတယ်။

ဒီသတင်းဟာ မှားယွင်းပါတယ်။

“Omicron ပိုးသစ် ဒဂုံအရှေ့မြို့နယ်တွင် ပထမဦးဆုံးတွေ့ရှိ

ဒဂုံအရှေ့မြို့နယ် အမှတ်၈ရပ်ကွက်ကပါ တောင်ငူမှ လာရောက်တည်းခိုပြီး နိင်ငံခြားသွားရန် ဆေးစစ်ရာမှ ပိုးတွေ့ရှိသည်ဟုသိရှိရပါသည်။

#myanmarcelebritytvclub”လို့ရေးသားပြီး “Xce Myanmar Pride”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၀၀ ရှိပါတယ်။ တူညီတဲ့ရေးသားမျှ ဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာ လည်းတွေ့ရပါတယ်။

C:\Users\Mi\Pictures\1202-omicron-dagon\Screenshot 2021-12-07 at 22-29-04 Omicron ပိုးသစ် ဒဂုံအရှေ့မြို့နယ်တွင် - search results Facebook.png

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

ဒီသတင်းမှာ ကိုးကားထားတဲ့ Myanmar Celebrity Club အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီသတင်းမှားကို တင်မိတဲ့အတွက်တောင်းပန်ထားပါတယ်။

” စာဖတ်သူများကို အနူးအညွတ်တောင်းပန်အပ်ပါသည်။ 

Omicron ပိုးအသစ်တွေ့ရှိခြင်းမှာ သတင်းအမှားသာပါဖြစ်ပြီး။ အဆိုပါသတင်းအား လူမှုကူညီရေးအသင်း၏ဖော်ပြချက်ရ ရေးသားဖော်ပြလိုက်တာဖြစ်ပါတယ်။ 

#myanmarcelebritytvclub”လို့ ရေးသားပြီး ဒီဇင်ဘာ ၆ ရက်နေ့ နေ့လည်ပိုင်းက ဖော်ပြထားထားပါတယ်။

မူရင်းလင်ခ့် – MyanmarcelebritvclubArchive link 

(စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေ အထွေထွေ အရပ်ရပ်ဟာ ရှုပ်ထွေးပြီး အားလုံးအကျုံးဝင်တဲ့ကျန်းမာရေစောင့်ရှောင်မှုအပါအဝင် မှန်ကန်တဲ့ သတင်းအချက်အလက်ရရှိရေးမှာ အကန့်အသတ်ရှိပါတယ်။)လက်ရှိအခြေအနေထိ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ဟာ မြန်မာနိုင်ငံတွင်း ရောက်ရှိနေပြီဆိုပြီး ပြည်တွင်းပြည်ပက ပညာရှင်အသိုင်းအဝိုင်းက ပြောဆိုချက် အချက်အလက် မျိုးမတွေ့ရသေးပါဘူး။ အမျိုးသားညီညွတ်ရေး အစိုးရကဖွဲ့စည်းထားတဲ့ ကိုဗစ် ၁၉ ဗဟုသုတစင်တာနဲ့ ဝက်ဘ်ဆိုက်မှာလည်း နိုဝင်ဘာ ၇ ရက်နောက်ဆုံးထုတ်ပြန်ချက်အထိ ထုတ်ပြန်ထား တာမျိုးမရှိပါဘူး။

စစ်တပ်ထိန်းချုပ်ထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဗဟိုကူးစက်ရောတိုက်ဖျက်ရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကတော့ ဒီလိုဖြန့်ဝေနေတဲ့ သတင်းဟာ သတင်းမှားဖြစ်တယ်လို့ ရှင်းလင်းထားပါတယ်။

မူရင်းလင်ခ့် – Khin KhinArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ မြန်မာနိုင်ငံကို အိုမီခရွန်ပိုးသစ်ရောက်ရှိတယ်ဆိုတဲ့ တိကျတဲ့အထောက်အထား မျိုးမတွေ့ရသေးပါဘူး။

Avatar

Title:အရှေ့ဒဂုံမြို့နယ်မှာ အိုမီခရွန်ပိုးသစ်တွေ့တယ်ဆိုတာ မဟုတ်ပါ

Fact Check By: Zun Zee 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *