Fact Check: ၂၀၁၆ ခုနှစ်က နေပြည်တော်အေလာလေဆိပ်အနီးမှာ လေယာဉ်ပျက်စဉ်က ဗွီဒီယိုကို ပြင်ဉီးလွင်မှာ ယနေ့ လေယာဉ်ပျက်ကျမှုအဖြစ်မျှဝေ

False လူမှုရေး

ပြင်ဦးလွင်မှာ ယနေ့လေယာဉ်ပျက်ကျမှုအဖြစ် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ မြင်ကွင်းတွေပါဝင်တဲ့ ဗွီဒီယိုတစ်ခုကိုဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက မျှဝေလျက်ရှိပါတယ်။ ဗွီဒီယိုမှာ ကယ်ဆယ်ရေး ဝတ်စုံဝတ်အရပ်သားအချို့နဲ့ စစ်သားတွေက အလောင်းတွေကို သယ်ဆောင်လာတဲ့မြင်ကွင်းပုံတွေပါဝင်ပါတယ်။

သို့သော် ဒီဗွီဒီယိုဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က စစ်လေယာဉ်တစ်စီး နေပြည်တော် လေဆိပ်က အတက်မှာပျက်ကျမှုဖြစ်စဉ်ကဖြစ်တာရပါတယ်။ 

“ပြင်ဦးလွင်အနီးလေယဥ်ပျက်ကျတဲ့ ရုပ်သံဖိုင် June 10”စသည်ဖြင့် ရေးသားပြီး“Nyi Naing”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဒီဗွီဒီယိုကို အောက်ပါအတိုင်း မျှဝေထားရာမှာ နာရီပိုင်းအတွင်း ပြန်လည်မျှဝေသူ ၆ ထောင်ကျော်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ The Hakar Post မီဒီယာကလည်း ဒီဗွီဒီယိုဖိုင်ကို ဇွန်လ ၁၀ ရက် ပြင်ဦးလွင်အနီး စစ်တပ်လေယာဉ်ပျက်ကျတဲ့ ဗွီဒီယိုဖိုင်လို့ရေးသားမျှဝေထားပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

ပြင်ဦးလွင်မှာ ယနေ့လေယာဉ်ကျမှုအဖြစ် ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုတွေမှာ ဒီဗွီဒီယိုဟာ ၂၀၁၆ ခုနှစ်တုန်းက နေပြည်တော် လေယာဉ်ပျက်ကျမှုဖြစ်တယ်လို့ မှတ်ချက်တွေတွေ့ရပါတယ်။  ဗွီဒီယိုကိုလေ့လာကြည့်ရာမှာလဲ မီဒီယာအချို့က အင်တာဗျူးမေးမြန်းမှတ်တမ်းတင်နေတဲ့ မြင်ကွင်းအချို့လည်း ပါဝင်နေတာတွေ့ရပြီး စစ်အာဏာမသိမ်းခင် ပွင့်လင်းမြင်သာတဲ့ အခင်းအကျင်းမျိုးဖြစ်နေတာမျိုးလည်းတွေ့ရပါတယ်။ ထို့အပြင် ဒီနေ့လေယာဉ်ပျက်ကျခဲ့တဲ့ နေရာဟာ လျှပ်စစ်မီးတိုင်တွေနဲ့ နီးတဲ့နေရာတစ်ခုဖြစ်တာလည်းတွေ့ရပါတယ်။

Google မှာ အဓိကျတဲ့ စကားလုံး အချို့အသုံး ပြုပြီး ရှာဖွေကြည့်ရာ အခုမျှဝေနေတဲ့ ဗွီဒီယိုပါမြင်ကွင်းအချို့ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က Eleven Media Broadcasting က Youtube မှာတင်ထားတဲ့ နေပြည်တော် လေဆိပ်အနီးမှာ Beechcraft 1900 စစ်တပ်လေယာဉ် ပျက်ကျမှုပုံနဲ့ မြင်ကွင်းတူညီတာတွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်ဖေဖော်ဝါရီ ၁၀ ရက်က လေယာဉ်ပျက်ကျခဲ့တဲ့ သတင်းကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်း ဖတ်ရှူ့နိုင်ပါတယ်။

မူရင်းလင်ခ့် – Eleven Media BroadcastingArchive link

၂၀၁၆ ခုနှစ်က နေပြည်တော်မှာ စစ်လေယာဉ်ပျက်ကျမှု ဗွီဒီယိုပါမြင်ကွင်းအချို့ နဲ့ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်က ပြင်ဦးလွင်မှာ လေယာဉ်ပျက်ကျမှုအဖြစ်ဖော်ပြထားတဲ့ ဗွီဒီယိုပါမြင်ကွင်းအချို့ကို အောက်ပါအတိုင်း ယှဉ်ကြည့် နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က နေပြည်တော်မှာ စစ်တပ်လေယာဉ် ပျက်ကျမှုဗွီဒီယိုကို ပြင်ဦးလွင်မှာ လေယာဉ်ပျက်ကျမှုအဖြစ် မျှဝေနေတာဖြစ်ပါတယ်။

Avatar

Title:၂၀၁၆ ခုနှစ်က နေပြည်တော်အေလာလေဆိပ်အနီးမှာ လေယာဉ်ပျက်စဉ်က ဗွီဒီယိုကို ပြင်ဉီးလွင်မှာ ယနေ့ လေယာဉ်ပျက်ကျမှုအဖြစ်မျှဝေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *