ပဲခူးက စစ်တပ်ထောက်ခံပွဲ ဗုံး ၅ လုံးပေါက်လို့ အများပြားသေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ယူကျူ့ဗွီဒီယိုဟာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။

“ပဲခူးမှာ တပ်ထောက်ခံပွဲပြုလုပ်နေတုန်း ရုတ်တရက် ဗုံး(၅)လုံးပေါက်ကွဲပြီး ငါးထောင်စားတွေ အစုလိုက်အပြုံလိုက်မသာပေါ်ကုန်ပြီဟေ့”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

တကယ်တော့ ဗွီဒီယိုပါသတင်းဟာ နိုဝင်ဘာ ၁၆ ရက်က မြေလတ်အသံသတင်းဌာနမှာ ဖော်ပြခဲ့တဲ့ ပဲခူးမှာ တပ်ထောက်ခံပွဲလုပ်အပြီး အထက ၁ ကျောင်းအနီးမှာ ဗုံးတွေ့တယ်ဆိုကာ လူစုလူဝေးဖြစ်ခဲ့တဲ့အကြောင်းကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ သတင်းတခုလုံးမှာ ဗုံးပေါက်ကွဲမှုအကြောင်း၊ သေဆုံမှအကြောင်းလည်း မပါဝင်ပါဘူး။ ထို့အပြင် ဗုံလန့်မှုဖြစ်ပွားတာဟာ စစ်တပ်ထောက်ခံပွဲအပြီးမှာဖြစ်ပြီး စစ်တပ်ထောက်ခံပွဲ လုပ်နေစဉ်မဟုတ်သလို လူထိခိုက်မှုရှိတယ်ဆိုတဲ့ အကြောင်းလည်း သတင်းမှာဖော်ပြချက်မပါရှိပါဘူး။ ဒီလို‌ဗုံးလန့်မှုသတင်းကြောင့် ကျောင်းသားမိဘတွေက သူ့တို့သားသမီးတွေကို စိုးရိမ်တကြီးလာရောက်ခေါ် ဆောင်ကြတာကြောင့် လူစုလူဝေးဖြစ်ပေါ်ခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။

မူလသတင်းအပြည့်အစုံကို အောက်မှာ ကြည့်ပါ။

မူရင်းလင်ခ့် – Myaelattathan | Archive link

ထို့အပြင် “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို ပြန်လည်ကူးယူဖော်ပြလေ့ရှိတဲ့ နေရာတခုဖြစ်တယ်။ ဒီလို ကူးယူဖြန့်ချိရာမှာ လူစိတ်ဝင်စား မှုရအောင် ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားရေးသားချက်တွေ အသုံးပြုနေတာ တွေ့ရပါတယ်။

သုံးသပ်ချက်

မြေလတ်အသံသတင်းဌာနမှာ ဖော်ပြခဲ့တဲ့ ပဲခူးမှာ တပ်ထောက်ခံပွဲလုပ်အပြီး အထက ၁ ကျောင်းအနီးမှာ ဗုံးတွေ့တယ်ဆိုကာ လူစုလူဝေးဖြစ်ခဲ့တဲ့အကြောင်းကို ချဲ့ကားရေးသားထားခြင်းဖြစ်တယ်။ပဲခူးက စစ်တပ် ထောက်ခံပွဲမှာ ဗုံကွဲမှုဖြစ်ပြီး လူသေဆုံးတယ်ဆိုတာ သတင်းမှားသာဖြစ်တယ်။

ပြောဆိုချက်- ပဲခူးက စစ်တပ် ထောက်ခံပွဲမှာ ဗုံး ၅ လုံးကွဲပြီး အများအပြားသေဆုံး

Avatar

Title:Fact Check: ပဲခူးက စစ်တပ်ထောက်ခံပွဲ ဗုံး ၅လုံးပေါက်ပြီး အများအပြား သေဆုံးမှု သတင်းခေါင်းစဉ်တု

Written By: Zun Zee

Result: False