Fact Check: သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့နဲ့ မလွှတ်ရင် UN စစ်ကြေညာမယ်ဆိုတဲ့ သတင်းမှားပျံ့နှံ့

Partly False နိုင်ငံရေး | Politics

သမ္မတနဲ့ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်‌ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အမိန့်ချလိုက်ပြီး လွှတ်မပေးရင် ကုလသမဂ္ဂက စစ်ကြေညာမယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခုက ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်လွဲတပ်ဗွီဒီယိုတွေသာ ဖြစ်တယ်။ 

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ 

“အမေစုနဲ့သမ္မတကြီးကို ၄၈ နာရီအတွင်းချက်ချင်းလွှတ်ရမည် လုံခြုံရေးကောင်စီ(R2P) တစ်ပြိုင်နက်ဆုံဖြတ်လိုက်ပြီ”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Fb link | Archive link

အလားတူပို့စ်ကို ယူကျူ့ဗွီဒီယိုရဲ့ ဒီနေရာမှာလည်းတွေ့နိုင်ပါတယ်။ 

အချက်အလက်စိစစ်ချက်

အခုလိုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ် ဒါမှမဟုတ် သတင်းခေါင်းစဉ်တု တပ်ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ 

ဖေဖော်ဝါရီ ၅ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာအရေးနဲ့ပတ်သက်လို့ တခါးပိတ်ဆွေးနွေး ခဲ့ပြီးနောက် သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံရသူတွေကို ချက်ချင်းလွှတ်ပေးဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။

တံခါးပိတ်အစည်းအဝေးမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာချမှတ်ခဲ့တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် ၂၆၆၉ မှာပါတဲ့ အချက်တွေကို မြန်မာစစ်တပ်ကလိုက်နာဖို့တိုက်တွန်းခဲ့တယ်လို့ ဘီဘီစီ မြန်မာပိုင်းက သတင်းဖော်ပြပါတယ်။ 

ဒီအပြင် စစ်တပ်ရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေဆက်ပြီးကျူးလွန်နေတာကို အပြင်းအထန် ရှုတ်ချကြောင်း ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်နဲ့ အလှည့်ကျ အဖွဲ့ဝင် ၆ နိုင်ငံပေါင်းပြီး ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီလိုထုတ်ပြန်ချက်ထဲမှာတော့ တရုတ်၊ ရုရှားနဲ့ အခြားအဖွဲ့ဝင် လေးနိုင်ငံကတော့ ကြေညာချက်ထုတ်ပြန်မှုထဲမပါဝင်ပါဘူး။  အခြားသောသတင်းမီဒီယာတွေက သတင်းဖော်ပြချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

ဒီအစည်းအဝေးမတိုင်ခင်မှာ UNSC အဖွဲ့ဝင် အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဆလိုဗေးနီးယား၊ ဆွစ်ဇာလန်၊ အီကွေဒေါနှင့် မော်လ်တာ နိုင်ငံတို့ဟာ အခုလိုပဲ ကြေညာချက် ထုတ်ပြန် တိုက်တွန်းခဲ့ပါသေးတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သမ္မတနဲ့ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်‌ပေးဖို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ထပ်မံတောင်းဆိုချက်နဲ့ ချိန်သားကိုက်ပြီး အခုလို နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်နဲ့ ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံရသူတွေကို လွှတ်ပေးဖို့ အမေရိကန်၊ဗြိတိန်နဲ့ ပြင်သစ်ဦဆောင်တဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၆ နိုင်ငံက တောင်းဆိုခဲ့တာမှန်ကန်ပေမဲ့ အဖွဲ့ဝင်အားလုံးပါဝင်တဲ့ ဆုံးဖြတ်ချက်တခုတော့ ချမှတ်နိုင်ခဲ့တာမရှိဘဲ ပြီးဆုံးခဲ့ပါတယ်။ 

ပြောဆိုချက်- သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၄၈ နာရီအတွင်း လွှတ်ပေးဖို့နဲ့ မလွှတ်ရင် UN စစ်ကြေညာမယ်

Avatar

Title:Fact Check: သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့နဲ့ မလွှတ်ရင် UN စစ်ကြေညာမယ်ဆိုတဲ့ သတင်းမှားပျံ့နှံ့

Written By: နေရာမောင် 

Result: Partly False


Leave a Reply

Your email address will not be published. Required fields are marked *