
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်အသင်း(The American Chamber of Commerce in Myanmar -AMCHAM) ရဲ့ ဥက္ကဌ Max Talcott ဟာ စစ်တပ်ကခန့်ထားတဲ့ ဟိုတယ်ခရီးဝန်ကြီးနဲ့ မကြာခင်က တွေ့တယ်လို့ ဖေ့စ်ဘွတ်မှာ ရေးသားမျှ ဝေလျက်ရှိပါတယ်။
Max Talcott ဟာ အခြားသောဝန်ကြီးတွေနဲ့လည်း အပြင်မှာတွေ့ဆုံမှုရှိတယ်လို့ ရေးသားထားတာ တွေ့ရပါတယ်။
“The American Chamber of Commerce in Myanmar (AMCHAM)က လက်ရှိစစ်ကောင်စီနဲ့ တွေ့ဆုံမှုတွေ မလုပ်ဘူးလို့ပြောထားပေမယ့် လက်ရှိ AMCHAM ဒုဥက္ကဌ Max Talcott ဟာစစ်အုပ်စုရဲ့ ဟိုတယ်ခရီးသွားဝန်ကြီး ဦးမောင်မောင်အုန်း နဲ့ မကြာခင်က တွေ့ဆုံခဲ့ပါတယ် ဒါ့့အပြင် တခြားဝန်ကြီးတွေနဲ့လဲ ပြင်ပမှာတွေ့ဆုံမှု တွေရှိတယ်လို့ သိရပါတယ်။AMCHAM ဟာ အပြောနဲ့အလုပ်မညီပါဘူး။ AMCHAM ကို ပြည်သူတွေနဲ့ ရပ်တည် အောင် Speak Out လုပ်ကြပါအုံး(မူရင်းအရေးအသား”လို့ “Saw Sisair”အမည်နဲ့ ဖေစ့်ဘွတ် အသုံးပြုက မျှဝေ ထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အမေရိကန်အစိုးရက စစ်တပ်အာဏာသိမ်းမှုနဲ့ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေအတွက် စီးပွားရေးအရ ပိတ်ဆို့မှုအစီ အစဉ်တွေ ချမှတ်လျက်ရှိပါတယ်။ ဒီလိုအခြေအနေမှာ AMCHAM အနေနဲ့လည်း စစ်တပ်က ဖိတ်ကြားမှုမှန်သမျှကို ငြင်းဆိုလိုက်ပြီး အရပ်သားများကို အကြမ်းဖက်မှုအတွက် ရှုတ်ချခဲ့ပါတယ်။
“Saw Sisair”ရဲ့ ပြောဆိုချက်ထဲမှာလည်း ဒီထုတ်ပြန်ချက်ကို ကိုးကားပြီးရေးသားထားတာတွေ့ရပါတယ်။
Fact Crescendo အနေနဲ့ Max Talcott ဟာ ပို့စ်မှာပါသလို စစ်တပ်ခန့်တဲ့ဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ခြင်းရှိမရှိ AMCHAM ကို ဆက်သွယ်အတည်ပြုချက်ရယူခဲ့ရာမှာ အဖွဲ့ရဲ့ အမှူဆောင်ဒါရိုက်တာ Tatum Albertine က အောက်ပါအတိုင်းအကြောင်းပြန်ပါတယ်။
“မဟုတ်ပါဘူး။ဒီပို့စ်ဟာ မှားပါတယ်။ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက Max Talcott အနေနဲ့ စစ်တပ်က ခန့်ထားတဲ့ ဝန်ကြီးတွေနဲ့ တစ်ခါမှာမတွေ့ခဲ့သလို ပတ်သက်မှုလည်းမရှိပါဘူး။ အာဏာသိမ်း စစ်တပ်နဲ့ ပတ်သက်ပြီး အသိအမှတ်ပြုတာ ဒါမှမဟုတ် တွေ့ဆုံတာနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့ကအနေနဲ့ မတ် ၄ ရက်မှာ အများပြည်သူကို ထုတ်ပြန်ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။”
စစ်တပ်ထုတ်သတင်းစာတွေမှာလည်း အမေရိကန်ကုန်သည်အသင်းနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ ဒီသတင်းမျိုး မတွေ့ရပါဘူး။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်အသင်းရဲ့ ဉက္ကဌ Max Talcott ဟာ စစ်တပ်ကခန့်ထားတဲ့ ဝန်ကြီးတွေနဲ့ တွေ့ခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။