
မုန်တိုင်းကြီး ၃ ရက်ဆက်တိုက်ဖြစ်ပေါပြီး လူသောင်းချီသေဆုံးနိုင်တယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့မှုအားကောင်းခဲ့ပါတယ်။ ချဲ့ကားပြီးရေးသားထားတဲ့ နားလည်မှု လွဲစေနိုင်တဲ့ သတင်းမှားဖြစ်ပါတယ်။
“၃ရက်လုံးလုံးတိုက်မဲ့မုန်တိုင်ကြီး။လူသောင်းချီပါမှာ။ဒီသတင်းမလွတ်စေနဲ့”လို့ ရေးသားပြီး “Drama 77” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၇ ရက်နေ့က စပြီး အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ မြန်မာနိုင်ငံကို ဝင်ရောက်ပြီး ၃ ရက်လုံးတိုက်မယ် ဆိုင်ကလုန်း Mandous ဟာ လူထောင်ချီသေစေနိုင်တာမို့ ဒီသတင်းကိုကြည့်ပါလို့လည်းရေးသားထားပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဆိုင်ကလုန်း မန်ဒက်စ်ရဲ့နောက်ဆုံးအခြေအနေကို ဒီလင့်ခ်မှာကြည့်ပါ။ ဆိုင်ကလုန်း မန်ဒက်စ်( Cyclone Mandous )နဲ့ ပတ်သတ်ပြီး၂၄ နာရီမှ ၇၂ နာရီ အတွင်း အချိန်မခါမဟုတ် မိုးကြီးနိုင်သောဒေသများကို မိုးလေဝ သဆရာမ စုစုစံက ကြိုတင်သတိပေးထုတ်ပြန်လိုက်ပါတယ်ဆိုတဲ့ အကြောင်းရယ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ချက်ရယ်ပေါင်းပြီးတော့ သတင်းဖတ်ကြားနေတာဖြစ်ပါတယ်။ ဒီဗွီဒီယိုထဲမှာ ဆိုင်ကလုန်း မြန်မာနိုင်ငံကို ဦးတည်တိုက်ခိုက် မယ်ဆိုတဲ့ပြောဆိုချက် မပါဝင်ပါဘူး။ မုန်တိုင်းရှိလို မိုးများမယ်၊လေပြင်းတိုက်ခိုက်မယ်လို့သာပါဝင်ပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့က စတင်ပျံနှံမှု အားကောင်းခဲ့တဲ့ ဒီဗွီဒီယိုမှာ ၃ ရက်လုံး မုန်တိုင်းတိုက်ခတ်မယ်၊ လူသောင်းချီ သေမယ်ဆိုပြီး ထိတ်လန့်တုန်လှုပ်အောင်ရေးသားထားပေမဲ့ မိုးလေဝသနဲ့ ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက် တွေကို စစ်ဆေးကြည့်ရာမှာ ဆိုင်ကလုန်း မန်ဒက်စစ်( Cyclone Mandous )နဲ့ ပတ်သတ်ပြီး လူသောင်ချီသေ မယ်ဆိုတာကို ပြောဆိုထားတာ မတွေ့ရှိရပါဘူး။မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်ကို ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်
ဆိုင်ကလုန်း မန်ဒက်စ်ဟာ မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့ခြင်းမရှိသလို ဝင်ရောက်မယ်ဆိုတဲ့ ခန့်မှန်းချက်လည်း မရှိခဲ့ပါဘူး။ဆိုင်ကလုန်းမုန်တိုင်း(CyclonicStorm)“မန်းဒပ်(စ်)(MANDOUS)”၏အရှိန်ကြောင့်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်းခြင်းများခန့်မှန်းထားချက်ရှိပေမဲ့ မုန်တိုင်းကြောင့် လူသောင်းချီ သေမယ်ဆိုပြီး ပြောဆိုထားချက်မရှိပါဘူး။ သတင်းခေါင်းစဥ်တုဖန်တီးပြီး ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။

Title:Fact Check: လူသောင်းချီသေမယ့် မုန်တိုင်း မြန်မာပြည်ဝင်မယ်ဆိုတဲ့သတင်းမှား
Fact Check By: Zun ZeeResult: Misleading