Fact Check: တော်လှန်ရေးတပ်ပေါင်းစု နေပြည်တော်ချီတက်လို့ စစ်ခေါင်းဆောင် ထွက်ပြေးတဲ့ သတင်းတု

False နိုင်ငံရေး | Politics

KNU၊ KIA၊ TNLA၊ AAနဲ့ PDF တွေ စုပေါင်းပြီး နေပြည်တော်ကို ချီတက်လာလို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထွက်ပြေးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့နဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်း နေတယ်။ ဒီအဖွဲ့တွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အင်အားစုတွေဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မှုခိုက်မှုတွေ လုပ်နေတဲ့အဖွဲ့ တွေဖြစ်ပြီး NUG ဟာ နေပြည်တော်ကို ချီတက်တိုက်ခိုက်ဖို့ ကြွေးကြော်ထားပါတယ်။ 

သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းဖော်ပြချက်အချို့ကို ခေါင်းစဉ်လွဲတပ်ပြီး ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။ “စစ်တပ်က တိုင်းရင်းသား ခေါင်းဆောင်တချို့ ကို လှည့်စား သိမ်းသွင်းရန် ကြိုးစားနေပြီး သပ်လျှို သွေးထိုးမှုများ လုပ်ဆောင်နေ၍ တော်လှန်ရေး အင်အားစုများ အထူးဂရုပြုကြရန် NUG ယာယီ သမ္မတ သတိပေး”၊ “စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ၃၃ ရာခိုင်နှုန်း တက်လာပြီး ဘိန်းနှင့် စိတ်ကြွ မူးယစ်ဆေးပြား ထုတ်လုပ်မှု မြင့်တက်ကာ အွန်လိုင်း ဆိုက်ဘာ လိမ်လည်မှုများ၊ လူကုန်ကူးမှုများ၏ အချက် အချာ ဖြစ်လာ”၊ လူထုနွေဦးသတင်းဝက်ဘ်ဆိုဒ်ကဖော်ပြခဲ့တဲ့ “မြန်မာကမ်းလွန်စွမ်းအင်လုပ်ကွက်ကို ထိုင်းအစိုးရပိုင် PTTEP သက်တမ်းထပ်တိုးဖို့ရှိ”စတဲ့ သတင်းတွေကို ဖော်ပြနေခြင်းဖြစ်တယ်။ မူလသတင်းဖော်ပြချက်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ  ကြည့်ပါ။

သုံးသပ်ချက်

သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့သတင်းတွေကို နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်တုတပ်ထားခြင်းသာဖြစ် တယ်။ KNU၊ KIA၊ TNLA၊ AAနဲ့ PDF တွေဟာ စစ်ကောင်စီနဲ့ ထိတွေတိုက်ပွဲတွေရှိနေပေမဲ့  နေပြည်တော်ကို ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ခေါင်းဆောင်က ထွက်ပြေးတိမ်းရတယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ 

ပြောဆိုချက်- KNU၊ KIA၊ TNLA၊ AAနဲ့ PDF တွေနေပြည်တော်ကို ချီတက်လာလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထွက်ပြေး

Avatar

Title:Fact Check: တော်လှန်ရေးတပ်ပေါင်းစု နေပြည်တော်ချီတက်လို့ စစ်ခေါင်းဆောင် ထွက်ပြေးတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *