Fact Check: စစ်ခေါင်းဆောင် ပဲခူးဝင်းနိမ္မိတာရုံဆရာတော်ကြီး စျာပန လာရောက်ပုံလား-မဟုတ်ပါ 

Missing Context နိုင်ငံရေး | Politics

စစ်တပ်က ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံ‌သရဲ့ စျာပနကို စစ်‌ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်ပုံလို့ ဆိုလိုထားတဲ့ ဓာတ်ပုံတပုံ လူမှုကွန်ယက် စာမျက်နှာတွေက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ ၂၀၁၉ ခုနှစ်က နေပြည်တော် လယ်ဝေးက ဆရာတော်တပါးပျံလွန်တော်မူစဉ်က သွားရောက်ခဲ့တဲ့ ဓာတ်ပုံဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သူတို့စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့်ပျံလွန်တော်မူခဲ့ရတဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒါဘိဝံသ မဟန ​(ငြိမ်း) ဆရာတော်ကို PDF တွေက ပစ်ခတ်ပါတယ်ဆိုပြီး အ သူ့လက်အောက်ခံ နိုင်ငံပိုင်သတင်းဌာနတွေကတဆင့် တစ်နိုင်ငံလုံးကို လိမ်လည်ခဲ့ပြီး ပဲခူးဆရာတော်နဲ့အတူ ကားပေါ်မှာ လိုက်ပါလာတဲ့ ကံသုံးဆင့်ဆရာတော်ရဲ့ မိန့်ကြားချက်အရသာ အဖြစ်မှန်ကို သိရှိခဲ့ရကြောင်း၊ ဒီလိုစစ်တပ်ရဲ့ လိမ်လည်မှုဟာ အခုမှမဟုတ်ဘဲ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနဲ့ ၁၉၈၈ လူထုအုံကြွမှုတွေမှာလည်းတွေ့ မြင်ရကြောင်း စသည်ဖြင့်ရေးသားထားပြီး စစ်ခေါင်းဆောင်က သံဃာတပါး ခန္ဓာဝန်ချနေတဲ့ ကုတင်ဘေးမှာ လက်အုပ်ချီနေတဲ့ ဓာတ်ပုံလည်းပါဝင်တယ်။

“ပုံစာ – အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပျံလွန်တော်မူတဲ့ ဆရာတော်ကြီးထံ လာရောက်ခဲ့ပုံ”

C:\Users\User\Downloads\screenshot-www.facebook.com-2024.06.25-17_01_16 (1).png

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ စစ်ခေါင်းဆောင်ရဲ့ ဓာတ်ပုံဟာ နေပြည်တော်၊ လယ်ဝေး မြို့နယ် အေလာမြို့က သက်တော်ရှည်ဂိုဏ်းထောက်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကောဝိဒရဲ့ ဈာပနကို သွားရောက်ဖူးမြော်စဉ်ဖြစ်တယ်။ အစိုးရပိုင် Myanmar Digital News က ၂၀၁၉ ခုနှစ် မတ် ၁၅ ရက်က ဖော်ပြခဲ့တဲ့သတင်းမှာ “ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည့် သက်တော်ရှည် ဂိုဏ်းထောက်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကောဝိဒ၏ ဥတုဇရုပ်ကလပ်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ဖူးမြော်ကြည်ညို”လို့ ရေးသားပြီး ဖြန့်ဝေခဲ့တာတွေ့ရတယ်။  စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သွားလာလှုပ်ရှားမှုတွေကို ဖော်ပြနေတဲ့ ဝက်ဘ်ဆိုဒ်မှာလည်း ဒီသတင်းကိုဖော်ပြထားတာတွေ့ရတယ်။

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကြီး ဦးစီးပဓာနနာယကဆရာတော် ပစ်ခတ်ခံရပြီး ပျံလွန်တော်မူသွားတာနဲ့ ပတ်သက်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တောင်းပန်ကြောင်း စစ်တပ်ခန့် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဇွန် ၂၄ ရက်မှာ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကို သွားရောက်ပြီး ဆရာတော်ကြီးတွေအား တွေ့ဆုံကာ တောင်းပန်လျှောက်ထား လွှာကို ဖတ်ကြားခဲ့တာတွေ့ရပါတယ်။ စစ်ခေါင်းဆောင်လာရောက်ခဲ့ခြင်းမရှိပါဘူး။ 

သုံးသပ်ချက်

၂၀၁၉ ခုနှစ်က နေပြည်တော် လယ်ဝေးက ဆရာတော်တပါးပျံလွန်တော်မူစဉ်က စစ်‌ခေါင်းဆောင် သွားရောက်ခဲ့တဲ့ဓာတ်ပုံဖြစ်တယ်။ စစ်တပ်က ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံ‌သရဲ့ စျာပနကို စစ်‌ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်ခဲ့ တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။

ပြောဆိုချက်- စစ်တပ်ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံ‌သရဲ့ စျာပနကို စစ်‌ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်ပုံလို့

Avatar

Title:Fact Check: စစ်ခေါင်းဆောင် ပဲခူးဝင်းနိမ္မိတာရုံဆရာတော်ကြီး စျာပန လာရောက်ပုံလား-မဟုတ်ပါ

Fact Check By: နေရာမောင် 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *