Fact Check: ၂၀၀၈ ဖွဲ့စည်းပုံကို စစ်တပ်က ဖျက်သိမ်းကြောင်းကြေညာတဲ့ သတင်းတု

နိုင်ငံရေး | Politics

၂၀၀၈ ဖွဲ့စည်းပုံကို စစ်တပ်က ဖျက်သိမ်းကြောင်း စစ်တပ်ပိုင် မြဝတီသတင်းက ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယို ပို့စ်တခု ယူကျု့မှာ ဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။

အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကရယူထားခြင်းဖြစ်တယ်။

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

“Share Local Media”ယူကျူ့ချန်နယ်နဲ့ ပတ်သတ်ပြီး Fact Crescendo Myanmar ကအချက်အလက် စိစစ်ချက်တွေကို ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ ဒီယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွ ေကဖော်ပြခဲ့တဲ့ သတင်းအချို့ကို မသက်ဆိုင်တဲ့ခေါင်းစဉ် သို့မဟုတ် ခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့် ဝေလေ့ရှိပါတယ်။

အခုလည်း ဗွီဒီယိုထဲမှာ စစ်အာဏာသိမ်းမှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် NCA စာချုပ် အဆုံး သတ်သွားပြီလို့ ABSDF ကျောင်းသားတပ်မတော်နဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့အကြောင်း ABSDF တာဝန်ရှိသူတဦးရဲ့ပြောကြားချက်ကို ကိုးကားရေးသားထားတဲ့ ရန်ကုန်ခေတ်သစ် သတင်းဌာနက သတင်းကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။ သတင်းအပြည့်အစုံကို အောက်မှာကြည့်ပါ။

https://www.facebook.com/khitthitnews/posts/680612274166382

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ်သတင်းတွေကတော့ ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းတွေကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တာတွေ့ရပါတယ်။

အာဏာသိမ်းပြီးသည့်တိုင် ၂၀၀၈ ဖွဲ့စည်းပုံကို စစ်တပ်က ဆက်လက်ကိုင်ဆွဲထားဆဲဖြစ်ကြောင်း စစ်ခေါင်း‌ဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မကြာခဏပြောကြားပါတယ်။ သို့ပေမဲ့ အရင်က ၂၀၀၈ ကိုလက်ခံပြီး ရွေးကောက်ပွဲဝင်ခဲ့တဲ့ NLD ပါတီအပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံတော့ပါဘူး။

သုံးသပ်ချက်

၂၀၀၈ ဖွဲ့စည်းပုံကို စစ်တပ်က ဖျက်သိမ်းကြောင်း စစ်တပ်ပိုင် မြဝတီသတင်းက ကြေညာလိုက်တယ်ဆိုတာ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ ဗွီဒီယိုပါအကြောင်းအရာဟာ စစ်အာဏာသိမ်းမှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် NCA စာချုပ် အဆုံးသတ်သွားပြီလို့ ABSDF ကျောင်းသားတပ်မတော်က ပြောကြားချက်ကို ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။

Avatar

Title:Fact Check: ၂၀၀၈ ဖွဲ့စည်းပုံကို စစ်တပ်က ဖျက်သိမ်းကြောင်းကြေညာတဲ့ သတင်းတု

Written By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *