C:-Users-User-Downloads-FireShot-FireShot Capture 086 - (913) Khit Thit News - YouTube - www.youtube.com.png

နေပြည်တော်မှာ လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တန်ပြန်အာဏာသိမ်းမှု ဖြစ်ခဲ့တယ်ဆိုပြီး ကောလာဟလ သတင်းပျံ့နှံ့ခဲ့ပြီးနောက်မှာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုဖြန့်ချိလေ့ရှိတဲ့ ယူကျူ့ချန်တွေက ထပ်မံချဲ့ကားဖြန့်ဝေခဲ့ကြတာတွေ့ရပါတယ်။ ဒီလိုဖြန့်ဝေရာမှာ မူလပြောဆိုချက်ဖြစ်တဲ့ စစ်ခေါင်းဆောင် လက်အောက်ခံ ဗိုလ်ချုပ်ကြီး ၃ ဦးက အာဏာသိမ်းမှုအဖြစ် ကနေ အာဏာသိမ်းမှုကို အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က အတည်ပြုလိုက်တယ်ဆိုသည်အထိ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု တပ်ဗွီဒီယိုတွေ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။

ဩဂုတ် ၁၄ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုတွေထဲက တခုကို အောက်မှာကြည့်ပါ။ ဒီချန်နယ်မှာပဲ အခြားသော အလားတူတဲ့ရေးသားမျှဝေမှုဆက်တိုက်ဖြန့်ချိခဲ့ပြီး ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။

“မအလကြင်စိုး ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက်

ဦးသန်းရွှေနဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီး အတည်ပြုကြေငြာ”(မူလအရေးအသား)

C:-Users-User-Downloads-Firefox_Screenshot_2024-08-19T13-21-47.970Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

တကယ်တော့ ဒီလိုကောလာဟလသတင်းကို စစ်တပ်အာဏာသိမ်းမှုကို ဖိဆန်ခဲ့တဲ့ ဗိုလ်ကြီးဇင်ယော်အသုံးပြုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာလို့ ယူဆရတဲ့ “ဝီလပ်ဇင်ယော်”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက စတင်ဖြန့်ဝေခဲ့တာ တွေ့ရပါတယ်။ ဒီစာမျက်နှာဟာ မကြာခဏဆိုသလို စစ်တပ်တွင်းက သတင်းအရင်းအမြစ်တွေရဲ့ သတင်းပေး ပို့ဟန်နဲ့ အတည်ပြုရခက်တဲ့ စစ်တပ်အတွင်းသတင်းတွေကို ပုံမှန်ဖြန့်ချိလေ့ရှိပြီး ရေးသားဖြန့်ဝေချက်တွေ ဟာလည်း ပျံ့နှံမှုအားကောင်းပါတယ်။ အခုလည်း နေပြည်တော်မှာ စစ်ခေါင်းဆောင် လက်အောက်ခံ ဗိုလ်ချုပ်ကြီး ၃ ဦးက တန်ပြန် အာဏာသိမ်းမှု တပ်တွင်းအရင်းအမြစ်တွေရဲ့ ပြောကြားချက်လို့ဆိုပြီး ဖြန့်ဝေခဲ့ရာမှာ ပျံ့နှံမှု အလွန်အားကောင်းခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်သတင်းပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ဒီသတင်းကို ငြင်းဆိုပြီး ကနဦးက စစ်တပ်အတွင်း တန်ပြန်အာဏာသိမ်းမှု မှန်ကန်သည်ဟု အတည်ပြု ခဲ့တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ကလည်း စစ်ကောင်စီတပ်ရဲ့ တန်ပြန် စိတ်ဓာတ်စစ်ဆင်ရေးတစ်ခု ဖြစ်သွားခဲ့ပြီး သတင်းမှားခဲ့တယ်လို့ ဝန်ခံခဲ့တာတွေ့ရကြောင်း၊ တပ်တွင်း အာဏာသိမ်းမှု သတင်း စက်သုံးဆီပြတ်လပ်မှု၊ ရွှေဈေး၊ ဒေါ်လာဈေး ဆိုးဆိုးရွားရွား ဖြစ်နေချိန်နဲ့ တိုက်ဆိုင်နေခဲ့တာကို တွေ့ရကြောင်း MPA သတင်းဌာနက ဖော်ပြတယ်။

စစ်အာဏာသိမ်းအပြီးမှာ စစ်တပ်ဟာ သတင်းဖုံးဖိတာ၊ သတင်းကို ပုံဖျက်ထုတ်ပြန်တာတွေ လုပ်လေ့ရှိပါတယ်။ ဥပမာအားဖြင့် လွှတ်တော်အမတ်နဲ့ နိုင်ငံရေးသမား ကိုဖြိုးဇေယျာသော်၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျေမီတို့လို ထင်ရှားတဲ့ လူသိများခေါင်းဆောင်တွေကို သေဒဏ်ပေးတဲ့ သတင်းကို ထိန်ချန်တာ၊ ဝင်းနိမ္မိတာ ရုံကျောင်း ဆရာတော်ကို PDF က ပစ်သတ်ဆိုပြီး သတင်းမှားဖြန့်တာအပါအဝင် ဖြစ်စဉ်နဲ့ ကိစ္စအများအပြားမှာ စစ်တပ်က သတင်းကို ဖုံးဖိတာ၊ ထိန်ချန်တာ၊ ပုံဖျက်တာတွေ လုပ်လေ့ရှိပါတယ်။ တခါတရံမှာတော့ စစ်ကောင်စီ ကိုယ်တိုင်က အခုလို သတင်းမှားတွေ ကောလာဟလတွေကို အခုလိုပဲ ထုတ်လွှင့်ပြီး နိုင်ငံ‌ရေး၊ စီးပွားရေး အကြပ် အတည်း သတင်းတွေကို ရှောင်လွှဲဖို့ တန်ပြန် ဆောင်ရွက်လေ့ရှိတာလည်းတွေ့ရပါတယ်။

တကယ်တမ်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ကြေညာထားတဲ့အတိုင်း မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့သလို သူ့အရင်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ လည်းတွေ့ဆုံခဲ့ပါတယ်။ ဒီလိုပဲ အာဏာသိမ်းတယ်လို့ နာမည်ကြီး ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ၃ ဦးကို ဗိုလ်ချုပ်ကြီးအဆင့်အဖြစ် စစ်ခေါင်းဆောင်က ရာထူးတိုးပေးလိုက်ပါတယ်။

အခုလို သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုဖြန့်ချိခဲ့တဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ် ဟာ အခုလို ကောလဟာလကို ချဲ့ကားရေးသားတာမျိုးအပြင် အရင်ကလည်း စစ်ခေါင်းဆောင် အာဏာသိမ်းခံ ရပြီ၊ စစ်ခေါင်းဆောင်သေဆုံး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်စတဲ့ လုပ်ကြံ သတင်းခေါင်းစဉ်တုတွေ အပါအဝင် အကြောင်းအရာများစွာကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

နေပြည်တော်မှာ လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တန်ပြန်အာဏာသိမ်းမှု ဖြစ်ခဲ့တယ်ဆိုတာ ကောလာဟလတခုသာဖြစ်ပြီး သတင်းကို ထပ်ဆင့်ချဲ့ကားရေးသားဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အရင်ကလည်း စစ်ခေါင်းဆောင် အာဏာသိမ်းခံရပြီ၊ စစ်ခေါင်းဆောင် သေဆုံး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်စတဲ့ လုပ်ကြံ သတင်းခေါင်းစဉ်တု မျိုးစုံကို ဖြန့်ချိလေ့ရှိပါတယ်။

ပြောဆိုချက်- နေပြည်တော်မှာ လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင်ကို တန်ပြန်အာဏာသိမ်းမှုဖြစ်ပွားခဲ့ကြောင်း စစ်အာဏာရှင်ဟောင်းသန်းရွှေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိအတည်ပြု

Avatar

Title:Fact Check: နေပြည်တော်မှာ အာဏာသိမ်းမှုတကယ်ဖြစ်ခဲ့သလား- မဟုတ်ပါ

Fact Check By: နေရာမောင်

Result: Insight