Fact Check: ၂၀၂၀ ခုနှစ်ထဲမှာ ရဲ ၂ ေယာက်ဖမ်းဆီးခံရစဉ်ကပုံကိုလက်ရှိအဖြစ်အပျက် သဖွယ်ေဖာ်ပြ

Missing Context လူမှုရေး

လက်ရှိအဖမ်းခံထားရတဲ့ ရဲေတွအဖြစ်  လက်ကို ကြိုးတုပ်ခံထားရတဲ့ ရဲ ၂ ေယာက်ဓာတ်ပုံပို့စ်ကို ေဖ့စ်ဘွတ် အသုံးပြုသူ ေထာင်ဂဏန်းက ပြန်လည်မျှ ေဝလျှက်ရှိပါတယ်။

သို့ပေမဲ့ ဒီဓာတ်ပုံတွေဟာ တ ေအာင်းလက်နက်ကိုင်အဖွဲ့(TNLA)ရဲ့ ဖမ်းဆီးခြင်းခံရတဲ့ မိုးကုတ်က ရဲတပ်ဖွဲ့ဝင် ၂ ဦးရဲ့ ဓာတ်ပုံအဖြစ် ၂၀၂၀ ခုနှစ်၊ ဇွန်လထဲမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာေတွ့ရပါတယ်။ 

 “ငါ့တို့အဖွဲ့ကတော့ အဲလိုလုပ်ထားလိုက်ပီ

အားရလား

ဝမ်းသာလား

တခုခုပြောခဲ့ 😂”အမည်နဲ့ “Jack P Si” ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ေထာင်ရှိပါတယ်။ ဒီေနရာနဲ့ ဒီေနရာမှာလည်း အလားတူမျှ ေဝထားပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟာ ၂၀၂၀ ခုနှစ်၊ ဇွန်လကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာ ေအာက်ပါအတိုင်းတွေ့ရပါတယ်။

တရုတ်ဘာသာနဲ့ ေရးသားထားတဲ့ သတင်းကို Google Translate အသုံးပြုပြီး ဘာသာပြန်ဆိုကြည့်ရာမှာ  TNLA က မိုးကုတ်က ရဲ ၂ ေယာက်ဖမ်းဆီးခဲ့တဲ့ သတင်းဖြစ်တာေတွ့ရပါတယ်။ 

မူရင်းလင်ခ့် –  163.comArchive link

အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီးရှာေဖွကြည့်ရာမှာ မိုးကုတ်မြို့မရဲစခန်းက ရဲ ၂ ေယာက်နဲ့ အရပ်သားတစ်ေယာက်အဖမ်းခံရ ေကြာင်း တပ်မ ေတာ်က ထုတ်ပြန်ခဲ့တယ်လို့ DVB သတင်းဌာနရဲ့ ၂၀၂၀ ခုနှစ် ဇွန် ၁၄ ရက်သတင်းမှာေဖာ်ပြထားတာေတွ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ရဲ ၂ ေယာက်အဖမ်းခံရတဲ့ ဓာတ်ပုံတွေဟာ လက်ရှိအဖြစ်အပျက်တစ်ခု မဟုတ်ဘဲ ဖြစ်စဉ်ဟာ ၂၀၂၀ခုနှစ်က ဇွန်လအတွင်းက ဖြစ်စဉ်ဖြစ်ပါတယ်။

Avatar

Title:၂၀၂၀ ခုနှစ်ထဲမှာ ရဲ ၂ ေယာက်ဖမ်းဆီးခံရစဉ်ကပုံကိုလက်ရှိအဖြစ်အပျက် သဖွယ်ေဖာ်ပြ

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *