စစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့ တံခါး ပိတ်ဆွေးနွေးနေကြပြီလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းမှားဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ စစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့ ဓာတ်ပုံတွေနဲ့အတူ “မအလနှင့်မင်းကိုနိုင်တို့တံခါးပိတ်ဆွေးနွေးနေပြီ”ဆိုပြီးတော့ သူတို့ဆွေးနွေးမှုအဖြစ် ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာဖော်ပြထားပေမဲ့ ဗွီဒီယိုထဲမှာ စစ်ခေါင်းဆောင်နဲ့ ဆွေးနွေးမှုအကြောင်း မပါဝင်ပါဘူး။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။

တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ ဩဂုတ် ၅ ရက်က ကိုမင်းကိုနိုင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားတဲ့ “"ဘဏ္ဍာရေးစစ်မျက်နှာမှာ ပြည်သူ့အားနဲ့အနိုင်တိုက်”ဆိုတဲ့ ဗွီဒီယိုကို ပြန်လည်ဖော်ပြထား ခြင်းဖြစ်တယ်။ ဒီဗွီဒီယိုထဲမှာ ကိုမင်းကိုနိုင်ငံက စစ်ကောင်စီကို စစ်မျက်နှာစာ ၄ ခုနဲ့ တိုက်နေတဲ့အကြောင်း၊ အဲဒီအထဲမှာ ဘဏ္ဏာရေးစစ်မျက်နှာစာလည်းပါဝင်ကြောင်း၊ ဒီစစ်မျက်နှာစာကလည်းအရေးကြီးကြောင်း ပြောကြားနေတာဖြစ်ပါတယ်။ အပြည့်အစုံကို အောက်ပါလင့်ခ် မှာကြည့်ပါ။

သုံးသပ်ချက်

ကိုမင်းကိုနိုင်ရဲ့ တော်လှန်ရေးအောင်မြင်ဖို့ ဘဏ္ဏာရေးကဏ္ဏကလည်းအရေးကြီးတဲ့ အကြောင်းပြောဆိုချက်ဗွီဒီယို ကို လိုအပ်သလို ခေါင်းစဉ်တပ်မျှဝေနေခြင်းဖြစ်တယ်။ စစ်‌ခေါင်းဆောင်နဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့တွေ့ဆုံဆွေးနွေးခြင်းမရှိပါဘူး။

Avatar

Title:Fact Check: စစ်ခေါင်းဆောင်နဲ့ ၈၈ ခေါင်းဆောင်ကိုမင်းကိုနိုင် တွေ့ဆုံဆွေးနွေးမှု သတင်းတု

Written By: Zun Zee

Result: False