Fact Check: ၂၀၂၄ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို သတ်ဖြတ်ဖို့ စစ်တပ်က စီစဉ်နေတယ်ဆိုတဲ့ သတင်းခေါင်းစဉ်တု

Misleading နိုင်ငံရေး | Politics

၂၀၂၄ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို သတ်ဖြတ်ဖို့ စစ်တပ်က စီစဉ်နေတဲ့အသံဖိုင်ပေါက်ကြားမှုလို့ဆိုပြီး ယူကျူ့မှာ ဗွီဒီယိုတခု ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ မလေးရှားလွှတ်တော်အမတ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့တောင်းဆိုချက်သတင်းကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“2024 ကို ဒေါ်စုမတွေ့စေရဘူးဆိုတဲ့ မြန်မာစစ်တပ်ရဲ့ အသံဖိုင်ပေါက်ကြားလာ”

ဗွီဒီယိုထဲမှာလည်း “ဒေါ်စု ၂၀၂၄ မတိုင်ခင်သေဖို့ စစ်တပ်ရဲ့စီမံကိန်းပေါက်ကြား”စသည်ဖြင့်ရေးသားထားရာ ဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၁ သိန်း ၄ သောင်းကျော်ရှိပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

တကယ်တော့  Gold Media 1M  အမည်နဲ့ ယူကျု့ချန်နယ်ကိုလေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့ ကဖော်ပြခဲ့တဲ့ သတင်းအကြောင်းအရာတွေကို ခေါင်းစဉ် သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်လွဲတွေ တပ်ပြီး ဖော်ပြလေ့ရှိပါတယ်။ 

အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကု သခွင့် ပေး ရန်၊ ပြန်လွှတ် ပေးရန် မလေးရှား လွှတ်တော်အမတ် ၁၃၅ ဦးက လက်မှတ် ရေးထိုး ကြေညာချက် ထုတ်ပြန် တောင်းဆို”ဆိုတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ဖော်ပြနေခြင်း ဖြစ်တယ်။ သတင်းအပြည့်အစုံကို ဒီလင့်ခ်မှာဖတ်ပါ။ လွတ်လပ်တဲ့အာရှအသံ သတင်းဌာနကလည်း ဒီသတင်း ဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အကျဉ်းစခန်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်သတ်ဖြတ်ရာမှာ နာမည်ဆိုးနဲ့ ကြော်ကြားပါတယ်။ ဆေးကုသခွင့်လုံလုံလောက်လောက်မပေးတာမျိုးအပါအဝင် ပြင်းထန်တဲ့ လူအခွင့်အရေး ချိုး‌ဖောက်မှုတွေလည်းလုပ်လေ့ရှိတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက်အရွယ်အရဖြစ်စေ ကျန်းမာရေးအရဖြစ်စေစိုးရိမ်စရာရှိနေတယ်ပါတယ်။

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့် ပေးဖို့နဲ့ ပြန်လွှတ် ပေးရန် မလေးရှား လွှတ်တော်အမတ်တွေက လက်မှတ်ရေးထိုးတောင်းဆိုမှုသတင်းကို စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၄ ခုနှစ်မတိုင်ခင် သတ်ဖို့စီစဉ်မှုဆိုပြီးတော့ ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။ လူတွေရဲ့ စိတ်ခံစာမှုမြှင့်တင်ပြီး ဗွီဒီယိုကို လူကြည့်များလာဖို့ ဆောင်ရွက်ထားတဲ့ clickbait ဗွီဒီယိုသာဖြစ်တယ်။

ပြောဆိုချက်- ၂၀၂၄ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို သတ်ဖြတ်ဖို့ စစ်တပ်က စီစဉ်နေတဲ့ အသံဖိုင် ပေါက်ကြားမှု

Avatar

Title:Fact Check: ၂၀၂၄ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို သတ်ဖြတ်ဖို့ စစ်တပ်က စီစဉ်နေတယ်ဆိုတဲ့ သတင်းခေါင်းစဉ်တု

Written By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *