
အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)မှာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာက စွဲဆိုထားတဲ့ အမှုမှာ တရားသူကြီးတွေ နှုတ်ထွက်ကုန်လို့ အမှုပိတ်သိမ်းလိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ တရားသူကြီးတွေလည်း နုတ်ထွက်ခြင်းမရှိသလို အမှုလည်း ပိတ်သိမ်းခြင်း လည်း မရှိပါဘူး။
“နောက်ဆုံးရတဲ့သတင့်းလေးပါ
မြန်မာ..ဂမ်ဘီယာ…ICJ.ခုံရုံးအခြေအနေ
ICJ..တရားသူကြီးတွေနှုတ်ထွက်ကုန်လို့
အမှု့ရုပ်သိမ်းတယ်လို့ကြားရတယ်…
OIC..နိုင်ငံလက်အောက်ခံ..မလေးအင်ဒို…ဘရူးနိုင့း
US..လက်အောက်ခံ..စက်ာပူ…ဖိလစ်ပိုင်..ထိုင်း
နားကားဖို့ရှိတယ်..
သိရသလောက်ပါ.
Sittway Thitsar …ကရင်ပြည်နယ်
” စသည်ဖြင့် ရေးသားပြီး မျှဝေထားပါတယ်။
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ စွဲဆိုထားတဲ့ အမှုဟာ ဆက်လက်ကြားနာဆဲ အဖြစ် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)ဝက်ဘ်ဆိုဒ်မှာဖော်ပြထားပါတယ်။

မူရင်းလင်ခ့် – ICJ | Archive link
တရားသူကြီးတွေရဲ့ ကိုယ်ရေးအကျဉ်းကိုလည်း ဒီဝက်ဘက်ဆိုဒ်မှာတွေ့နိုင်ပါတယ်။ပြီးခဲ့တဲ့ ရက်အများအတွင်း အပြောင်းအလဲမရှိတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။
ယခုလို အမှုပိတ်သိမ်းတယ်ဆိုတဲ့အထောက်အထား သတင်းလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ မီဒီယာတွေမှာ ဖော်ပြချက်လည်း မတွေ့ရပါဘူး။ ထို့အပြင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ICJ ကကြားနာပွဲကို သွားရောက်ခဲ့တဲ့ ဦးကိုကိုလှိုင်က ဖေဖော်ဝါရီ ၂၆ ရက် VOA မြန်မာပိုင်းက မေးမြန်းမှုကို ဖြေကြားမှာ “ဒီအမှုကို တရားရုံးရဲ့ စီရင်ပိုင်ခွင့် မရှိဘူး ဆိုတာရယ် ဒီအမှုကို လုံးဝ လက်ခံပိုင်ခွင့် မရှိဘူး ဆိုတာပါပဲ။ တရားရုံးရဲ့ အဆုံးအဖြတ် ရလဒ်ကတော့ တရားသူကြီးတွေရဲ့ ဉာဏ်ပညာနဲ့ ဆင်ခြင်တုံတရား အပေါ်မှာ မူတည်မှာ ဖြစ်ပါတယ်”လို့ ပြောထားပါတယ်။
သုံးသပ်ချက်
တရားသူကြီးတွေ နှုတ်ထွက်ကုန်လို့ ICJ မှာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာက စွဲဆိုထားတဲ့ အမှုမှာ အမှုပိတ်သိမ်း လိုက်ပြီဆိုတဲ့အချက်ဟာ မှားယွင်းပါတယ်။

Title:Fact Check: မြန်မာနိုင်ငံအပေါ်စွဲဆိုထားတဲ့ ICJ အမှူပိတ်သိမ်းတယ်ဆိုတာ မဟုတ်ပါ
Fact Check By: Nayar MaungResult: Misleading