Fact Check: လောင်းလုံမြို့နယ် ဟင်းချိုတောရွာက နေအိမ်တွေကို PDF မီးရှို့တဲ့ သတင်းမှား

Misleading နိုင်ငံရေး | Politics

ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ် ဟင်းချိုတောရွာမှာ PDF က နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးသွား တယ်ဆိုပြီး တော့ ပို့စ်တစ်ခုအွန်လိုင်းမှာပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ စစ်တပ်ကျောထောက်နောက်ခံ ပျူစောထီးတွေ လာရောက်မီးရှို့သွားတယ်လို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။

“ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ သပြေရှောင်ကျေးရွာအုပ်စု ဟင်းချိုတောကျေးရွာမှ ပြည်သူ ၄ ဦး၏ နေအိမ် ၄ လုံးအား အကြမ်းဖက် PDF ၁၀ဦးမှ ဒလန်ဟုစွပ်စွဲကာ မီးရှို့ဖျက်စီးပြီး နေအိမ်များရှိ ရွှေ စုစုပေါင်း ၃ ကျပ်သားခန့်နှင့် ငွေကျပ် ၁၅ သိန်းတို့အား အကြမ်းဖက် ဓားပြတိုက် ယူဆောင်သွားခဲ့ပါတယ်”လို့ ရေးသားပြီး “Ko Thet” အမည်နဲ့တယ်လီဂရမ်အကောင့်တစ်ခုမှာအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Telegram linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်းမျှဝေခဲ့တာတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ဟင်းချိုတောကျေးရွာမှာ ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၅ နာရီလောက်က စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့တွေ ရောက်ရှိလာပြီးနောက် နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးသွားတာလို့ ဒေသခံ တွေကို ကိုးကားပြီးသံလွင်တိုင်းမ်သတင်းဌာနက ရေးသားပါတယ်။

ထို့အတူ တနင်္သာရီအခြေစိုက် သတင်းဌာနဖြစ်တဲ့ “Dawei Watch”ကလည်း အောက်ပါအတိုင်းရေးသားပါတယ်။ “ဟင်းချိုတောကျေးရွာမှာ ဒီနေ့မနက်အစောပိုင်းက လက်နက်ကိုင် လူတစ်စုဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့တာ၊ သေနတ်နဲ့ပစ်ခတ်တာ၊ ဒေသခံတွေကို စစ်ဆေးတာတွေ လုပ်ခဲ့ကြပါတယ်။

ဒီလိုအကြမ်းဖက်လုပ်ရပ်ကို လုပ်ခဲ့တဲ့သူတွေက လက်မောင်းမှာ အဖြူရောင်လက်ပတ်တွေ ပတ်ထားခဲ့ပါတယ်။

ဒေသခံတွေကတော့ ပျူစောထီးတွေ ဖြစ်တယ်လို့ အခိုင်အမာပြောဆိုနေကြပါတယ်

ဟင်းချိုတောရွာမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ဒေသခံတစ်ဦးနဲ့ မေးမြန်းဖော်ပြလိုက်ပါတယ်။”

 ဧရာဝတီတိုင်းမ်သတင်းဌာနကလည်း “လောင်းလုံးမြို့က NLD ပါတီထောက်သူ ၅ ဦး ၏ နေအိမ်များကို စစ်ကောင်စီတပ်က မီးတင်ရှို့(ရုပ်/သံ)”ဆိုပြီးတော့ ရေးသားခဲ့တာတွေ့ရပါတယ်။

သုံးသပ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ မီဒီယာဖော်ပြချက်တွေမှာ လောင်းလုံမြို့နယ်၊ ဟင်းချိုတောကျေးရွာကို မီးရှို့သွားတာဟာ စစ်တပ်နဲ့ စစ်တပ်ကျောထောက် နောက်ခံပျူစောထီးတွေဖြစ်တယ်လို့ဖော်ပြထား တာတွေ့ရပါတယ်။ ဒီပို့စ်တွေမှာဖော်ပြသလို PDF တွေက မီးရှို့တယ်ဆိုတဲ့ ဖော်ပြချက်မျိုး လွတ်လပ်တဲ့ သတင်းဌာနတွေမှာဖော်ပြချက်မတွေ့ရပါဘူး။

Avatar

Title:Fact Check: လောင်းလုံမြို့နယ် ဟင်းချိုတောရွာက နေအိမ်တွေကို PDF မီးရှို့တဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *