Fact Check: စစ်မှုထမ်းဥပဒေ ရုပ်သိမ်းမှု သတင်းခေါင်းစဉ်တု

False နိုင်ငံရေး | Politics

မတ် ၂၂ ရက်မှာ စစ်မှုထမ်းဥပဒေ ရုပ်သိမ်းလိုက်တာကြောင့် လူငယ်တွေအနေနဲ့ ထွက်ပြေးစရာမလိုတော့ဘူးလို့ ဆိုထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက် ရှိတယ်။ 

အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူ ထားခြင်းဖြစ်တယ်။ မတ် ၂၂ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၄ သိန်းကျော်ရှိထားတယ်။

 “၂၂ ရက်အထူးအစည်းဝေးဆုံးဖြတ်ချက်

ကန့်ကွက်မှုများနေတဲ့ “စစ်မှုထမ်းဥပဒေ” ဖျက်သိမ်း

လူငယ်များထွက်ပြေးရန်မလို၊ အခုပဲကြေညာပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MS Story (Myanmar)”အမည်နဲ့ ကျူ့ချန်နယ်က ဗွီဒီယိုတွေကို လေ့လာကြည့်ရာမှာ သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲကားရေးသားထားတဲ့ သတင်းခေါင်းစဉ် သို့မဟုတ် သတင်းခေါင်းစဉ်တု တပ်ပြီး ဖြန့်ဝေလေ့ ရှိတဲ့ ချန်နယ် တခုဖြစ်တာ တွေ့ရပါတယ်။ 

အခုလည်း ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနက မတ် ၂၂ ရက်မှာဖော်ပြခဲ့တဲ့ “စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ရန်ကုန်တိုင်းစက်မှုဇုန်များတွင် အလုပ်သမားပြတ်လပ်မှု ကြုံလာရပြီး စီးပွား ရေးကဏ္ဍတစ်ခုလုံး အပါအဝင် ပြည်သူလူထုအကြား ဆိုးဝါးစွာ ဂယက်ရိုက်ခတ်”ဆိုတဲ့ သတင်းနဲ့ အခြားသော သတင်းတွေကို ဖော်ပြနေခြင်းဖြစ်တယ်။ ဒီလိုသတင်းဖော်ပြချက်မှာ နယ်ဘက်က ဧည့်စာရင်းနဲ့ နေထိုင်သူတွေကို အဓိက ထားပြီး စစ်သားစုဆောင်းမှုနဲ့ မိဘတွေရဲ့ စိုးရိမ်မှုကြောင့် နယ်ဘက်ကလာတဲ့ အလုပ်သမားတွေဟာ မိမိတို့ ဒေသကို ပြန်သွားကြတာများပြားလို့ စက်မှုလုပ်ငန်းတွေပါထိခိုက်လာကြောင်း စသည်ဖြင့် ဖော်ပြနေတာ ဖြစ်တယ်။ မူလသတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

ရန်ကုန်ခေတ်သစ်သတင်းဌာနက ကဖော်ပြခဲ့တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် စက်မှုဇုန်တွေမှာ အလုပ်သမား ပြတ်လပ်မှု ကြုံလာရပြီး စီးပွား ရေးကဏ္ဍနဲ့  ပြည်သူလူထုအကြား ဆိုးဝါးစွာ ဂယက်ရိုက်ခတ်လာ နေတဲ့ အကြောင်း ဖော်ပြချက်ကို ဆန့်ကျင်ဘက် သတင်းခေါင်းစဉ်တပ်ဖြန့်ဝေထားခြင်းဖြစ်တယ်။ စစ်မှုထမ်းဥပဒေ ရုပ်သိမ်းခြင်းမရှိပါဘူး။

ပြောဆိုချက်- မတ် ၂၂ ရက်မှာ စစ်မှုထမ်းဥပဒေ ရုပ်သိမ်းလိုက်တာကြောင့် လူငယ်တွေအနေနဲ့ ထွက်ပြေးစရာမလိုတော့

Avatar

Title:Fact Check: စစ်မှုထမ်းဥပဒေ ရုပ်သိမ်းမှု သတင်းခေါင်းစဉ်တု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *