
CDM ကျရှုံးသွားပြီဖြစ်ကြောင်း ဦးမင်းကိုနိုင် ပြောတယ်လို့ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုသူတွေ အတော်များများက ပြန်လည်မျှဝေလျက်ရှိတာတွေ့ရပါတယ်။ ဒီစကားကို ဦးမင်းကိုနိုင်က Sprin g Flowers International ပွဲတော်မှာပြောကြားခဲ့တာလို့လည်း ဖော်ပြထားပါတယ်။ တကယ်တော့ ဦးမင်းကိုနိုင်နဲ့ ဒီလိုပြောကြားခဲ့ခြင်းမရှိပါဘူး။
ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “CDM ကျရှုးသွားပြီဖြစ်ကြောင်း ဦးမင်းကိုနိုင် ဝန်ခံလိုက်ပြီ”လို့ရေးသားသလို ဓာတ်ပုံမှာ လည်း “Keynote Address by U Min Ko Naing at Spring Flowers International Conference on Myanmar”၊ “CDM ကျရှုံးသွားပြီလို့ မင်းကိုနိုင်ပြောပြီ”စတဲ့စာသားတွေ ရေးသားထားပါတယ်။
“သူကတော့ အဲဒီလိုလေးပဲ ပြောလိုက်တာ သူ့စကားတွေကိုယုံပြီး CDM လုပ်ခဲ့ကြတဲ့သူတွေရဲ့ ဘဝတွေ ဘယ်လောက်တောင် ပျက်ဆီးသွားကြပြီလဲဆိုတာ ပြေးကြည့်စရာတောင်မလိုဘူး တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။”စသည်ဖြင့်ရေးသားပြီး “Nay Myo ArKar Kyikar”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း ရေးသားမျှဝေထားတာတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
Spring Flowers International Conference on Myanmar ကို အမေရိကန်ရောက်မြန်မာအဖွဲ့အစည်း(The Burmese American Community Institdue-BACI)က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်နေ ၁၂ ရက်အထိ ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ယာယီသမ္မတ ဒူးဝါးလရှီလအပါအဝင် အမျိုးသားညီညွှတ်ရေးအစိုးရတာဝန်ရှိသူတွေ၊ ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်အပါဝင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အမေရိကန်သံတမန်အသိုင်းအဝိုင်းလည်းပါဝင်ဟောပြော ဆွေးနွေးခဲ့တာတွေ့ရပါတယ်။
၅ မိနစ်နဲ့ ၁၆ စက္ကန့်ရှည်လျားတဲ့ ဦးမင်းကိုနိုင်ရဲ့ မိန့်ခွန်းပြောကြားချက်ကို Burmese American Community Institue Inc က ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ ဒီဗွီဒီယိုထဲမှာ ဦးမင်းကိုနိုင်ဟာ CDM ကျဆုံးသွားပြီဆိုတဲ့စကားလုံးအသုံးပြုခြင်းမရှိခဲ့ပါဘူး။ အထူးသဖြင့်နေ့စဉ် လက်သုံးချောင်းထောင်ရုံ၊ ဗီနိုင်းတက်ချိတ်ရုံနဲ့ စစ်တပ်ရဲ့ ပစ်သတ်ခံနေရပြီး အသက်စွန့်ပြီး အာဏာဖိဆန်နေကြတဲ့သူတွေ တာကို ဂုဏ်ယူကြောင်းပြောကြားခဲ့တာရှိပြီး ငွေကြေးလိုအပ်ချက်အတွက်လည်း အခက်အခဲတွေကြားက ကြိုးစားနေကြရတဲ့အကြောင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာကို ကူညီမှုအများကြီးမမျှော်လင့်ပဲ စစ်တပ်ကို လက်နက်ရောင်းချနေမှုပိတ်ပင်ပေးဖို့နဲ့ သမာသမတ်ကျကျဆုံးဖြတ်ပေးခြင်းအားဖြင့် ကူညီပေးဖို့သာ မျှော်လင့်ကြောင်း ပြောသွားတာဖြစ်ပါတယ်။ အောက်ပါလင့်ခ်မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။
မူရင်းလင်ခ့် – Burmese American Community Institute Inc | Archive link
သုံးသပ်ချက်
CDM ကျရှုံးသွားပြီဖြစ်ကြောင်း ဦးမင်းကိုနိုင် Spring Flowers International Conference on Myanmar ပွဲမှာ ပြောတယ်လို့ရေးသားထားတဲ့ပို့စ်ဟာ သတင်းတုသတင်းမှား တစ်ခုသာဖြစ်ပါတယ်။

Title:Fact Check: CDM ကျရှုံးသွားပြီဖြစ်ကြောင်း ဦးမင်းကိုနိုင် ပြောတယ်ဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False