
သရုပ်ဆောင် အိန္ဒြာကျော်ဇင်အပါအဝင် အနုပညာရှင်အချို့ ဒီကနေ့ ထောင်ကနေပြန်လည် လွတ်မြောက်လာတဲ့ သတင်းနဲ့ အတူ အိန္ဒြာကျော်ဇင် ကားပေါ်က ဆင်းလာတဲ့ ဓာတ်ပုံ ၁ ပုံကို အိမ်ပြန်ရောက်တဲ့ ဓာတ်ပုံအဖြစ် ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအား ကောင်းလျက်ရှိပါတယ်။
တကယ်တော့ ဒီဓာတ်ပုံဟာ ဓာတ်ပုံဟောင်းတစ်ပုံဖြစ်ပြီး ရုပ်ရှင်ရိုက်ကွင်းက ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။
“စိတ်ထားနှလုံးသားလှတဲ့ရွှေမင်းသမီး ရဲ့ အိမ်အပြန် ခြေလှမ်း
အောင်မြင်ပါစေ
တိုင်းပြည်နဲ့ မိသားစုကို ဦးဆောင်နိုင်ပါစေ
Maung Tun Wai
2-3-2022”လို့ရေးသားပြီး “Maung Tun Wai”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ဒီဓာတ်ပုံကိုပဲ “ပြန်ရောက်ပါပြီ တဲ့.. ၂၊၃၊၂၀၂၂ Photo .Sai Zwe Pyae”လို့ ရေးသားပြီး “Min Ko Ko”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီနေရာမှာ မျှဝေခဲ့ရာမှာ ပြန်လည်မျှဝေမှုပေါင်း ၇၀၀ ဝန်းကျင်ရှိပါတယ်၊
အခြားသော ပို့စ်တွေမှာတော့ “ပိန်သွားတယ်”စသည်ဖြင့်ရေးသားပြီး ဒီဓာတ်ပုံကို မျှဝေထားတာတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။
အချက်အလက်စိစစ်ချက်
အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီးရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ဓာတ်ပုံဟောင်းတစ်ခုဖြစ်ကြောင်း “Pathy Pathy Eaindra Kyaw Zin Crazy”အမည်နဲ့ သူမကို ချစ်ခင်သူတစ်ယောက်တည်ထောင်ထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ယနေ့ရှင်းလင်းထားတာတွေ့ရပါတယ်။
“ဒီပုံက အဟောင်းကြီးပါ
Box.no 88 ရိုက်ကွင်းတုန်းက
ငါကိုယ်တိုင်ရိုက် ထားတဲ့ပုံကြီးပါ
ဘယ်နှယ့် ဒီနေ့လွတ်တဲ့ ပုံလုပ်နေတာလဲ😬”လို့ စသည်ဖြင့် ရေးသားပြီး ယင်းစာမျက်နှာက ဖော်ပြထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Pathy Pathy Eaindra Kyaw Zin Crazy | Archive link
ဒီစာမျက်နှာက ဓာတ်ပုံမှတ်တမ်းတွေကို ရှာဖွေကြည့်ရာမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှာကတည်းက ဒီဓာတ်ပုံကို မျှဝေထားတာလည်းတွေ့ရပါတယ်။ Box No. 88 ဟာ ၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ အိန္ဒြာကျော်ဇင် ထောင်ကလွတ်လာပြီး အိမ်အပြန်အဖြစ် မျှဝေနေတဲ့ ဓာတ်ပုံဟာ ရုပ်ရှင်ရိုက်ကွင်းတစ်ခုကဓာတ်ပုံဟောင်းတစ်ပုံဖြစ်ပါတယ်။

Title:Fact Check: Box No. 88 ဇာတ်ကားရိုက်ကွင်းက မြင်ကွင်းဓာတ်ပုံတစ်ခုကို ယနေ့ထောင်ကလွတ်လာတဲ့ အိန္ဒြာကျော်ဇင်ပုံအဖြစ်ပျံ့နှံ့မှုအားကောင်းနေ
Fact Check By: Zun ZeeResult: Missing Context