Fact Check: ဒီဓာတ်ပုံတွေက ၂၀၂၁ တရုတ်ရေကြီးမှုသတင်းက ဓာတ်ပုံတွေသာ ဖြစ်တယ်

Missing Context နိုင်ငံတကာ၊ | International

တရုတ်မှာ ဇူလိုင် ၂၁ ရက်က ရေကြီးရေလျှံမှုဆိုပြီး ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ်ဓာတ်ပုံဟောင်းတွေသာဖြစ်ပါတယ်။

“ယနေ့ ချီးနား

ဇူလိုင်လ၂၁”လို့ ရေးသားပြီး “Phone Ngal” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

Google မှာအဓိကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေကြည့်မယ်ဆိုရင် တရုတ်နိုင်ငံမှာ ယခုနှစ် ဇူလိုင်လအတွင်း ရေကြီးရေလျံမှုအပါအဝင် ရာသီဉတုဖောက်ပြန်မှုသတင်းတွေ တွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။ သို့သော်လည်း ယခုမျှဝေထားတဲ့ လူမှုကွန်ယက်ပို့စ်ပါဓာတ်ပုံတွေဟာ တရုတ်နိုင်ငံ ဟိုင်နန်(Henan) ပြည်နယ်၊ ကျန့်ကျိုး(Zhengzhou)မြို့ မှာ ၂၀၂၁ ခုနှစ် ဇူလိုင် ၂၀ ရက်က ရေကြီးနေတဲ့ဓာတ်ပုံဖြစ်ပါတယ်။

ပထမဆုံးအမြင့်တစ်နေရာကနေ ရေကြီးရေလျှံမှုကို ရိုက်ကူးထားတဲ့ ဓာတ်ပုံကို တရုတ်အစိုးရပိုင်ရုပ်သံလိုင်း CNGT မှာ အောက်ပါအတိုင်းဖော်ပြထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – CNGTArchive link  

လမ်းလယ်ကျွန်းမှာကားတွေစုနေတဲ့ ရေကြီးရေလျံမှုဓာတ်ပုံဟာလည်း တရုတ်နိုင်ငံ ကျန့်ကျိုးမြို့မှာ ၂၀၂၁ ခုနှစ် ဇူလိုင် ၂၀ ရက်က ရေကြီးနေစဉ်မြင်ကွင်းဓာတ်ပုံဖြစ်ပါတယ်။

မူရင်းလင်ခ့် – CNBCArchive link  

လမ်းမကြီးတစ်ခုလုံးရေလွှမ်းနေပြီ တရုတ်ဘာသာစကားနဲ့အသိပေးဆိုင်းဘုတ်ထောင်တဲ့ဓာတ်ပုံဟာလည်း ဒီမြို့မှာပဲ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၀ ရက်က ဓာတ်ပုံဖြစ်ပါတယ်။

မူရင်းလင်ခ့် – SCMPArchive link  

နောက်ပြီး ကားခေါင်မိုးကိုပဲမြင်ရတဲ့အထိရေမြုပ်နေတဲ့ ကား၄ စီးဓာတ်ပုံကိုလည်း ၂၀၂၁ ခုနှစ် ဇူလိုင် ၂၁ ရက်က ဒီတရုတ်သတင်းမှာတွေ့ရပါတယ်။

သုံးသပ်ချက်

ယခုနှစ်လည်း တရုတ်နိုင်ငံမှာ ရေကြီးရေလျှံမှုနဲ့ရာသီဉတုဖောက်ပြန်မှုသတင်းတွေကိုတွေ့ရပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ကျန့်ကျိုးမြို့မှာ ၂၀၂၁ ခုနှစ် ဇူလိုင် ၂၀ ရက်ကဖြစ်စဉ်သာဖြစ်ပါ တယ်။

Avatar

Title:Fact Check: ဒီဓာတ်ပုံတွေက ၂၀၂၁ တရုတ်ရေကြီးမှုသတင်းက ဓာတ်ပုံတွေသာ ဖြစ်တယ်

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *