
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်အာဏာသိမ်း ၂ နှစ်ပြည့်တိုင်အောင် ဆန့်ကျင်မှုကို ပြသတဲ့အနေနဲ့ မြို့အများအပြားမှာ အသံတိတ် သပိတ်ဆင်နွှဲနေချိန်မှာ ယနေ့ ၁၀ နာရီ ရန်ကုန်က မြင်ကွင်းဆိုပြီးတော့ ဓာတ်ပုံ ၆ ပုံနဲ့ဖေ့စ်ဘွတ်ပို့စ်တစ်ခု အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ အနည်းဆုံး ဓာတ်ပုံ ၃ ပုံဟာ ၂၀၂၁ ခုနှစ်အတွင်းက ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။
“နံနက် ၁၀နာရီရန်ကုန်မြို့အခြေနေ”လို့ ရေးသားပြီး ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ယခုလိုဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေကို Google မှာ ဓာတ်ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံတွေ ၂၀၂၁ ခုနှစ် မတ် ၂၄ ရက် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အသံတိတ်သပိတ်က ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။
ဓာတ်ပုံ ၆ ပုံထဲက ၃ ပုံကို အဆိုတော် ဖြူဖြူကျော်သိန်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ၂၀၂၁ ခုနှစ် မတ် ၂၄ ရက်က တင်ထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။
ပထမဆုံးဓာတ်ပုံဖြစ်တဲ့ ဆူးလေဘုရားမြင်ကွင်းကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ဒီဓာတ်ပုံတွေကို အဆိုတော် ကေကေမိုးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ၂၀၂၁ ခုနှစ် မတ် ၂၄ ရက်ကတင်ထားတာတွေ့နိုင်ပါတယ်။
သုံးသပ်ချက်
မြင်ကွင်းကျယ် မူလ ဓာတ်ပုံအချို့ကို ပြန်လည်တည်းဖြတ်ပြီး ယနေ့ အသံတိတ်သပိတ်သဖွယ်ဖော်ပြနေ တွေ့ရပါတယ်။ Htun Htun Oo Burma အမည်နဲ့ပို့စ်ပါ ဓာတ်ပုံထဲက အချို့သော ဓာတ်ပုံတွေဟာ ၂၀၂၁ ခုနှစ် မတ် ၂၄ ရက်ကတည်းက ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ပြီး စစ်အာဏာသိမ်း ၂ နှစ်ပြည့် ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်မှာလုပ်တဲ့ အသံတိတ်သပိတ်နဲ့သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။

Title:Fact Check: စစ်အာဏာသိမ်း ၂ နှစ်ပြည့် ရန်ကုန် အသံတိတ်သပိတ် ဓာတ်ပုံတွေလား-မဟုတ်ပါ
Fact Check By: နေရာမောင်Result: Missing Context