
အစည်းအဝေးတက်ရန် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဒေါက်တာစင်သီယာမောင်ကို အာဆီယံ(ASEAN) က ဖိတ်ခေါ် ထားတယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာမျှဝေလျှက်ရှိပါတယ်။
သို့သော် ဒေါက်တာစင်သီယာမောင်ကတော့ ဒီသတင်းဟာ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။
အောက်ဖော်ပြပါ screenshot ကတော့ အလားတူ ပြောဆိုချက်ပါဝင်တဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ် တစ်ခုဖြစ်ပါတယ်။ “အာစီယံအစည်းအဝေးတက်ရန် မြန်မာနိုင်ငံ ကိုယ်စားပြု ဒေါက်တာစင်သီယာမောင်ကို ASEAN မှ ဖိတ်ခေါ်”လို့ အစချီရေးသားထားပြီး ဒေါက်တာစင်သီယာမောင်ရဲ့ အတ္ထုပ္ပတိကိုလည်း မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှ ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အဓိကကျတဲ့ စကားလုံးအချို့ကို အသုံးပြုပြီး အကြောင်းအရာကို ထပ်မံရှာဖွေကြည့်ရာမှာ ဒေါက်တာစင်သီယာ မောင်က အာဆီယံအစည်းအဝေးတက်ဖို့ ဖိတ်ကြား ခံရတယ်ဆိုတာ မသိရှိကြောင်း ကရင်သတင်းအချက် အလက် ဌာနKaren Information Center ကို ဖြေကြားထားတာတွေ့ရပါတယ်။
ဒေါက်တာစင်သီယာမောင်က “ကျမ ဘာမှမသိရဘူးနော်၊ အဲလိုတော့ လာမေးကြတာပဲ”လို့ အောက်တိုဘာ ၂၅ရက် နေ့လည်ပိုင်းမှာ ပြောကြားထားပါတယ်။
မူရင်းလင်ခ့် – Karen Information Center | Archive link
ဒေါက်တာစင်သီယာမောင်ဦးစီးနေတဲ့ “မယ်တော်ဆေးခန်း”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း အာဆီယံ အစည်းအဝေး တက်မယ်ဆိုတဲ့ ဒီသတင်းဟာ သတင်းတုဖြစ်တယ်လို့ ထပ်မံထုတ်ပြန်ထားပါတယ်။

မူရင်းလင်ခ့် – မယ်တော်ဆေးခန်း | Archive link
အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံက ကိုယ်စားပြုသူ မပါဝင်ကြောင်း သတင်းဌာနတွေက ဖော်ပြတာ ကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ အစည်းအဝေးတက်ရန် မြန်မာနိုင်ငံ ကိုယ်စားပြုဒေါက်တာစင်သီယာမောင်ကို အာဆီယံက ဖိတ်ခေါ်ထားတယ်ဆိုတာ သတင်းတုဖြစ်ပါတယ်။

Title:ဒေါက်တာစင်သီယာမောင်ကို အာဆီယံအစည်းအဝေးတက်ဖို့ ဖိတ်ကြား တယ်ဆိုတာ မဟုတ်ပါ
Fact Check By: Zun ZeeResult: Missing Context