
နိုဝင်ဘာ ၁၉ ရက်က ရန်ကုန်မှာ ဖမ်းဆီးခံရမိတဲ့ လက်နက်တွေဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြု သူ အတော်များများက မျှဝေလျှက်ရှိပါတယ်။
သို့သော် ဒီဓာတ်ပုံဟာ ဩဂုတ်အတွင်းက မန္တလေးမှာ ဖမ်းဆီးရမိတဲ့ လက်နက်တွေဖြစ်ပါတယ်။
နိုဝင်ဘာ ၁၈ ရက်နေ့က ရန်ကုန်မှာ လွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးဇေယျာသော်အပါအဝင် ရန်ကုန်အခြေစိုက် တော်လှန်ရေး အင်အားစုတွေကို ဖမ်းဆီးရမိကြောင်း စစ်တပ်ကထုတ်ပြန်ပါတယ်။ ဒီဖြစ်စဉ်ဟာ လူမှုကွန်ယက် အသုံးပြုသူများအကြားရေပန်းစားခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်။
ဒီလိုအခြေအနေမှာ “နေမင်း၏သားတော်” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “NOV 19. ရန်ကုန် ဖြစ်စဉ် ကွင်းဆက်”လို့ ရေးသားပြီးမျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။
အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လထဲမှာ စတင်ပျံ့နှံ့ခဲ့ တာတွေ့ရပါတယ်။
၂၀၂၁ ခုနှစ် ဩဂုတ် ၈ ရက်မှာဖော်ပြခဲ့တဲ့ မဇ္ဈိမသတင်းဌာနက သတင်းတစ်ပုဒ်မှာ “မတ္တရာမြို့နယ်မှာ လက်နက်တွေ ဖမ်းဆီးခံရ” လို့သတင်းခေါင်းစဉ်တပ်ရေးသားထားတဲ့ သတင်းတစ်ပုဒ်မှာ တူညီတဲ့ ဓာတ်ပုံကို အသုံးပြုထားတာတွေ့ရပါတယ်။
သတင်းစာသားမှာလည်း “မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်၊မန္တလေး-မိုးကုတ်ကားလမ်းပေါ် ပန်းယျ ကျေးရွာအနီးမှာ လက်နက်တွေတင်ဆောင်လာတဲ့ ထော်လာဂျီတစ်စီး ဒီနေ့ ဩဂုတ် ၈ရက်၊မနက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။”လို့ အစချီရေးသားထားတာတွေ့ရပါတယ်။
မူရင်းလင်ခ့် – Mizzima Burmese | Archive
ဒီဓာတ်ပုံကို ပေါ်ပြူလာသတင်းရဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဓာတ်ပုံဟာ မန္တလေးတိုင်း မတ္တရာမြို့မှာ ဖမ်းဆီးခံခဲ့ရတဲ့ လက်နက်တွေဖြစ်ပါ တယ်။