Fact Check: SAMSUNG မွေးနေ့ အထိမ်းအမှတ် ဖုန်းအသစ် အလုံး ၉၈၀ ပေးမယ်ဆိုတဲ့ သတင်းတု

ဆမ်ဆောင်း(SAMSUNG)မွေးနေ့ အထိမ်းအမှတ် ဖုန်းအသစ် အလုံး ၉၈၀ ပေးမယ်လို့ ဆိုလိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဩဂုတ် ၅ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ အလား တူညီတဲ့ရေးသားမျှဝေမှုကို ဒီစာမျက်နှာကပဲ ဇူလိုင် ၄ ရက်က ဖြန့်ဝေခဲ့ရာမှာတော့ ပြန်လည်မျှဝေမှုပေါင်း ၃၆၀၀ ကျော်ရရှိခဲ့တယ်။ ဒီမှာကြည့်ပါ။  ပဟေဠိဖြေဆိုနိုင်သူတွေကို ဆမ်ဆောင်းက ဖုန်းလက်ဆောင်တွေပေးနေတယ်ဆိုပြီးတော့ မျှဝေခဲ့ပါသေးတယ်။ “SAMSUNG မွေးနေ့ အထိမ်းအမှတ်။ *SAMSUNG* သည် 2024 ခုနှစ် ဩဂုတ်လ 12 ရက်မတိုင်မီ “Happy Birthday” ကိုဆန္ဒပြုလိုသူတိုင်းထံ Samsung ဖုန်းအသစ် 980 လုံးကို လက်ဆောင်ပေးပါသည်။ […]

Continue Reading

Fact Check: ကုလအထူးကိုယ်စားလှယ် ကြားဝင်စေ့စပ်မှုနဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ဆိုတဲ့ သတင်းတု

ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပြန့်နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “UN အထူးကိုယ်စားလှယ် နေပြည်တော်ရောက်ရှိ ‌မင်းအောင်လှိုင်နဲ့ချက်ခြင်းတွေ့ပြီးကြားဝင်စေ့စပ် ဦးဝင်းမြင့်နဲ့ အမေစုကွင်းလုံးကျွတ်လွတ်ပြီ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MS Story(Myanmar)”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တု ဒါမှဟုတ် ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ် တွေတပ် ဖြန့်ချိလေ့ရှိသလို တခါတရံမှာ လုံးဝလုပ်ကြံရေးသားဖြန့်ဝေချက်တွေလည်း ပြုလုပ်လေ့ရှိတယ်။ ဒီယူကျူ့ချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ […]

Continue Reading

Fact Check: စစ်တပ်နဲ့ဒေါ်စုတွေ့ဆုံညှိနှိုင်းမှုအောင်မြင်ဆိုတဲ့ သတင်းတု

စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံညှိနှိုင်းခဲ့တာမှာ အောင်မြင်မှုရခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျု့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဒီလို တွေ့ဆုံမှုနဲ့ ညှိနှိုင်းအောင်မြင်မှုရရှိခဲ့ကြောင်း စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုတယ်လို့လည်း ဆိုပါတယ်။ အောက်ပါစခရင်ရှော့ ဓာတ်ပုံနဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသား ကောက်နုတ် ချက် ဖြစ်တယ်။  “Breaking News ဗိုလ်ချုပ်ဇော်မင်းထွန်းအတည်ပြု  စစ်တပ်နဲ့ဒေါ်စုတွေ့ဆုံညှိနှိုင်းမှုအောင်မြင် မနက်ဖြန် (၉)နာရီမှ (၁၁)နာရီအထိဒေါ်စုမိန့်ခွန်းပြောမယ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံညှိနှိုင်းခဲ့တယ်ဆိုတဲ့အကြောင်း သတင်းလုပ်ငန်း အဓိက လုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာဖြစ်စေ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖြစ်စေ ဖော်ပြချက် တစုံတရာ မတွေ့ရပါဘူး။ “MS Story (Myanmar)”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]

Continue Reading

Fact Check: NUG သမ္မတနဲ့ ဝန်ကြီးတွေအာဆီယံအစည်းအဝေးတက်မယ့် သတင်း ခေါင်းစဉ်တု

NUG သမ္မတနဲ့ ဝန်ကြီးတွေအာဆီယံအစည်းအဝေးတက်မယ့်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၂ ဒဿမ ၁ သိန်းကျော်ရှိ ထားတယ်။ “ဧပြီလ (၁)ရက်နေ့ NUG ကိုအစိုးရဖြစ်ပြီတဲ့ဗျို့  NUG သမ္မတနဲ့ဝန်ကြီးတွေအခမ်းနားတက်ဖို့ရောက်နေပြီ  စစ်အုပ်စုပြုတ်ပြီ၊ တကမ္ဘာလုံးမှ NUG ကိုထောက်ခံ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “MS Story”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေ နိုင်တဲ့သတင်း ခေါင်းစဉ်လွဲတပ်ပြီး […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် အသက်မရှိတော့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတဲ့ သတင်းတု

နေအိမ်လေလံတင်အပြီးမှာ ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောတယ်လို့ ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်း လျှက်ရှိတယ်။ နားလည်မှု လွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူ ထားခြင်းဖြစ်တယ်။ မတ် ၂၉ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၃ သိန်းကျော်ရှိထားတယ်။  “ ဗိုလ်ချုပ်ဇော်မင်းထွန်း အကုန်ဖွင့်ချပြီ  နေအိမ်လေလံတင်မှုအပြီး အမေစု အသက်မရှိတော့ဘူးလို့သတင်းထွက်လာပြီ  ပြည်သူဆူမှာစိုးလို့တဲ့၊ အမြန်ဖြန့်ပေးကြပါ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MS Story(Myanmar)”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်းစဉ် […]

Continue Reading

Fact Check: NUG နဲ့စစ်ကောင်စီ အာဏာလွှဲဖို့သဘောတူဆိုတဲ့ သတင်းတု

NUG ကိုအာဏာလွှဲပြီးစစ်မှုထမ်းဥပဒေဖျက်သိမ်းဖို့ NUG နဲ့စစ်ကောင်စီ လျှို့ဝှက်ဆွေးနွေးမှုအောင်မြင်မှုရရှိခဲ့ပြီး စစ်ခေါင်းဆောင်ဟာလည်း တပ်ချုပ်ရာထူးမှ ရုတ်တရက်နှုတ်ထွက်မယ်လို့ ဆိုထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက် ရှိတယ်။  အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူ ထားခြင်းဖြစ်တယ်။ မတ် ၂၄ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒသမ ၄ သိန်းကျော်ရှိထားတယ်။  “NUG နဲ့လျှို့ဝှက်ဆွေးနွေးမှုအောင်မြင်  တပ်ချုပ်ရာထူးမှ ရုတ်တရက်နှုတ်ထွက်ပြီး NUG ကိုအာဏာလွှဲပြီးစစ်မှုထမ်းဥပဒေဖျက်သိမ်းမယ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MS Story (Myanmar)”အမည်နဲ့ ကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ […]

Continue Reading

Fact Check: စစ်မှုထမ်းဥပဒေ ရုပ်သိမ်းမှု သတင်းခေါင်းစဉ်တု

မတ် ၂၂ ရက်မှာ စစ်မှုထမ်းဥပဒေ ရုပ်သိမ်းလိုက်တာကြောင့် လူငယ်တွေအနေနဲ့ ထွက်ပြေးစရာမလိုတော့ဘူးလို့ ဆိုထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက် ရှိတယ်။  အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူ ထားခြင်းဖြစ်တယ်။ မတ် ၂၂ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၄ သိန်းကျော်ရှိထားတယ်။  “၂၂ ရက်အထူးအစည်းဝေးဆုံးဖြတ်ချက် ကန့်ကွက်မှုများနေတဲ့ “စစ်မှုထမ်းဥပဒေ” ဖျက်သိမ်း လူငယ်များထွက်ပြေးရန်မလို၊ အခုပဲကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MS Story (Myanmar)”အမည်နဲ့ ကျူ့ချန်နယ်က ဗွီဒီယိုတွေကို လေ့လာကြည့်ရာမှာ သတင်းမီဒီယာ အချို့မှာ […]

Continue Reading

Fact Check: ဘီလာရုစ်သမ္မတကို ယူကရိန်းထောက်လှမ်းရေးက ဖမ်းသွားတဲ့ပုံဟာ AI အသုံးပြုဖန်တီးထားခြင်းဖြစ်တယ်  

ယူကရိန်းနိုင်ငံရဲ့ ထောက်လှမ်းရေးအထူးတပ်ဖွဲ့ဝင်တွေဟာ ဘီလာရုစ်သမ္မတ လူကာရှင်ကို(Lukashenko)ကို သူ့နိုင်ငံထဲအထိ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်း နေတာ တွေ့ရတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုဖြန့်ဝေမှုတခုဖြစ်ပြီး ဓာတ်ပုံဟာ ဉာဏ်ရည်တု နည်းပညာ(AI)အသုံးပြု ပြုလုပ်ထားခြင်းဖြစ်တာတွေ့ရတယ်။  ဒီလိုပြောဆိုချက်တွေပါဝင်တဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ တူညီတဲ့ပြောဆိုမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ယူကရိန်းတိုက်ခိုက်ရေးသမားများက ဘီလာရုစ်နိုင်ငံပိုင်နက်အတွင်းမှ လူကာရှင်ကိုကို တိုက်ရိုက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဆိုထားသည်။ SBU နှင့် HUR အထူးတပ်ဖွဲ့ဝင်အုပ်စုတစ်စုသည် ဤစစ်ပွဲအတွင်း အရဲရင့်ဆုံး စစ်ဆင်ရေးများထဲမှ တစ်ခုကို ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ ယူကရိန်းတပ်ဖွဲ့ဝင်များသည် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ပြီး လူကာရှင်ကို၏ နေအိမ်လုံခြုံရေးတပ်ဖွဲ့ကို လျင်မြန်စွာ ချေမှုန်းကာ အလက်ဇန္ဒား လူကာရှင်ကိုကို ဖမ်းဆီးခဲ့သည်ဟု ဖော်ပြထားသည်။ စစ်ဆင်ရေးသည် […]

Continue Reading

Fact Check: PDF နဲ့ NUG က နာမည်ကို အလွဲသုံးစားလုပ်ပြီး အာဏာရူးကာ အကြမ်းဖက်နေကြောင်း သမ္မတဦးဝင်းမြင့်ပြောတဲ့ သတင်းတု 

 PDF နဲ့ NUG က သူ့အမည်ကို အလွဲသုံးစားလုပ်ကာ အာဏာရူးပြီး နိုင်ငံကို ဖျက်ဆီးအကြမ်းဖက်လုပ်နေကြောင်း သမ္မတ ဦးဝင်းမြင့်ကပြောကြားလိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဇွန် ၁၂ ရက်က ဖေ့စ်ဘွတ်မှာ မျှဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းခဲ့တာ တွေ့ရတယ်။ သတင်းတုဖြန့်ချိနေ ခြင်းဖြစ်တယ်။  ဒီလိုပြောဆိုချက်တွေပါဝင်တဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “pdf,nug တွေက အမည်ကို အလွဲသုံးစားလုပ်ကာ အာဏာရူးပြီး နိုင်ငံကို ဖျက်ဆီးအကြမ်းဖက်လုပ်နေကြောင်း သမ္မတဟောင်းလွတ်ငြိမ်း ဦးဝင်းမြင့်က ပြောကြားလိုက်သည်” Original link | Archive link အချက်အလက်စိစစ်ချက် အခုလို ပြောဆိုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်အကောင့် လေ့လာကြည့်ရာမှာ  မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်တဲ့ အကောင့်တု တခုဖြစ်နေပြီး သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ NUG/PDFတွေကို […]

Continue Reading

Fact Check: မော်လ်တာက မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုကို ကောင်းတပ်ရွာပေါက်ကွဲမှု အဖြစ် မျှဝေနေတဲ့ ဗွီဒီယိုသတင်းမှား

TNLA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်မြို့ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာမှာ  ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးအတွင်း လူပေါင်းများစွာ သေဆုံးခဲ့ရမှုသတင်းဟာ လူမှုကွန်ရက်အသုံးပြုသူတွေအကြား ပြောဆိုမျှဝေမှုများပြားခဲ့ပြီး ဒီအထဲမှာ ပေါက်ကွဲမှုတခုကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုတခုလည်းပါဝင်တယ်။ ဒါပေမဲ့ အဲ့ဒီဗွီဒီယိုဟာ မော်လ်တာ(Malta)နိုင်ငံမှာ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုဖြစ်စဉ်က ဖြစ်တာတွေ့ရတယ်။  ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့ ကောင်းတပ်ရွာ ပေါက်ကွဲမှုဆိုတဲ့ ဗွီဒီယိုစခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ မူလမျှဝေမှုကို ဒီနေရာမှာတွေ့ရတယ်။   “”31/5/2026. နမ့်ခမ်း ကောင်းတပ်ရွာ ပေါက်ကွဲမှု” နမ်းခမ်းTNLA.လက်ပစ်ဗုံးထုတ်လုပ်ရာဝါရာရှော့ဖြစ်ပီးပေါက်ကွဲ.တရုတ်ပညာရှင်(25)ဦးနဲ့(170)ဦးသေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် အဲဒီပိုစ့်မှာ ၇ စက္ကန့်ကြာတဲ့ အကြီးစားပေါက်ကွဲမှု ဗွီဒီယိုတစ်ခုပါဝင်ပြီး ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့တာတွေ့ရတယ်။ ဒီဗွီဒီယိုပါ မြင်ကွင်းတွေကို  ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ၂၀၂၆ ခုနှစ် ဇွန် […]

Continue Reading