Fact Check: ဧပြီ ၂၀ ရက်က ဂျပန်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၅ ရှိတဲ့ ငလျင်က မြင်ကွင်းတွေလား – မဟုတ်ပါ
ဧပြီ ၂၀ ရက်က ပြင်းအား ၇ ဒသမ ၅ ရှိတဲ့ ငလျင်ကြီး ဂျပန်နိုင်ငံ ဆန်ရီကူ(Sanriku)ဒေသမှာ လှုပ်ခတ်ခဲ့ပြီး ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။ ဒီလိုအခြေအနေမှာ ဂျပန်မှာ ဧပြီ ၂၀ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်အတွင်း မြင်ကွင်းတွေဆိုပြီး ဗွီဒီယိုတွေ အွန်လိုင်းမှာ ပျံ့နှံ့မှုအားကောင်းနေတယ်။ ဒါပေမဲ့ တချို့ ဗွီဒီယိုတွေဟာ လတ်တလော အဖြစ်အပျက်နဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ ကျေးလက်လမ်းမတခုပေါ်က ကင်မရာမှတ်တမ်းဗွီဒီယိုထဲမှာ အမျိုးသမီးတယောက်ဟာ ကြောက်လန့်အော်ဟစ်နေပြီး ကင်မရာမြင်ကွင်းထဲမှာ မြေပြင်နဲ့ မြင်ကွင်းဟာ ယိမ်းထိုးနေတာတွေ့ရတယ်။ “ဧပြီ ၂၀ ရက်နေ့ ဂျပန်အရှေ့မြောက်ပိုင်းကို ၇.၅ […]
Continue Reading
